_4

1.7K 252 19
                                    

ZAW

ဘတ်ဟျွန်းချန်းယောလ်ဆီက သဘောတူညီချက်ရပြီးတော့ သူဒီနေ့အလုပ်ပြန်စဆင်းမယ်။အချိန်ပိုင်းအလုပ်က အကိုလုဟန်ဆီကိုလည်း အကျိုးအကြောင်းပြောရမယ်။အားနာပေမယ့် သူတစ်ကယ်အရေးကြီးနေလို့ဖြစ်တယ်။

အလုပ်မသွားခင် ဟိုတစ်နေ့ကပေးရမယ့် ပိုက်ဆံအချို့နဲ့အတူ အားလုံးကိုရှင်းပြတော့ မယုံနိုင်လောက်အောင် အကိုလုဟန်က ရပါတယ်ဟုပြုံးပြုံးပဲပြောလာတယ်။

သူ့အတွက်စားဖို့မနက်စာတောင် မုန့်တွေအတင်းဇွတ်ထည့်ပေးလိုက်တာကြောင့် အားနာနာနဲ့သာ သူလက်ခံခဲ့လိုက်ရတယ်။

အတော်ပူပြင်းလွန်းတဲ့ နေအရှိန်က မွန်းတည့်မရောက်သေးတာတောင် တော်တော်ကိုပူနေပြီ။Taxiကတစ်စီးမှဌားလို့မရတာကြောင့် သူစိတ်ညစ်လာပြီ။ဒီနေ့မှပဲ တမင်သပ်သပ်အကွက်ချပြီး Taxiက ဌားလို့မရတာလားမသိဘူး။

သို့ပေမယ့် ကံကြမ္မာမျက်နှာသာပေးမှုကြောင့် သူTaxiဌားလို့ရသွားတယ်။ဈေးကို အဆမတန်တောင်းထားပေမယ့်ပေါ့
။မောင်းနေတဲ့ကားသမားကို သူထသတ်ချင်တဲ့စိတ်ကို ချုပ်တည်းပြီး လိုက်လာခဲ့ရတယ်။မင်းကားက ဘယ်လောက်မို့လို့ သူဒီဈေးပေးစီးနေရတာလဲ။

သူဒေါသတွေကို သိမ်းဆည်းရင်းနဲ့ပဲ ကုမ္ပဏီကို ဆိုက်ရောက်လာတယ်။ကျသလောက်ရှင်းပေးလိုက်ရတဲ့ ပိုက်ဆံကိုကြည့်ပြီး သူနေ့လည်စာငတ်ပြီလို့သာ တွေးလိုက်တယ်။မျက်နှာထားခပ်တည်တည်နဲ့ ကားဆရာက တစ်လောကလုံး သူလုပ်စာထိုင်စားရတဲ့ရုပ်နဲ့။ဘတ်ဟျွန်း စိတ်ထဲကနေ နာနာလေးသာ ကျိန်ဆဲလိုက်တယ်။

သောက်ကားဆရာ သွားရင်းကားဘီးပေါက်ပါစေ။

သူဝင်လာတော့ ၀န်ထမ်းတွေကို ပေါ်တင်ကြည့်ကာ တီးတိုးပြောဆိုခြင်းမဟုတ်တဲ့ တမင်သပ်သပ် သူကြားအောင်စောင်းရွဲ့ကာပြောဆိုနေကြတယ်။

သူဂရုမစိုက်ပဲ ဋ္ဌာနဆီကိုသာသွားလိုက်တယ်။သူ့ပြန်လုပ်ဖို့ ပတ်ချန်းယောလ်က ပြန်ပြောထားပြီးသားဖြစ်တယ်ထင်တယ်။စားပွဲခုံတစ်လုံး လွတ်နေတယ်။ဒါမျိုးကျကြောက်တတ်သားဟု၍ ဘတ်ဟျွန်းစိတ်ထဲကနေပြောပြီးခပ်ဟဟရယ်လိုက်တယ်။

𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETED]Where stories live. Discover now