|| 1 || Unicode

10.7K 547 13
                                    

"ရိပေါ်နဲ့မပေါင်းချင်ဘူး ရိပေါ်ကအနိုင်ကျင့်တယ် ​ပါးနှစ်ဖက်ကိုလည်းခဏခဏမွှေးမွှေးပေးတယ် မာမားတို့တောင်အဲ့လောက်မပေးဘူး"

" ဘာဖြစ်လဲ ပေးတော့
ပေးချင်လို့ပေးတာ မကြိုက်ဘူးလား
လက်ကို ကိုက်ဆွဲလိုက်ရမလား "

"ရိပေါ်က အနိုင်ကျင့်တယ် ကိုယ့်ထက်အကြီးကို"

"ကျင့်တော့ ဘာဖြစ်လဲ"

"ရိပေါ်က လီယိုလို မလိမ္မာဘူး
လီယိုဆို.... အား..........."

"မာမားရေ...... ရိပေါ် ကျန့်ကျန့်လက်ကို ကိုက်​ပြေးသွားတယ်"

--------

" ကျန့်ကျန့် ဘောင်းဘီအနားတွေရေစိုနေပြန်ပြီလား သွား လဲထား "

ရိပေါ် အိပ်ရာနိုးလို့ ကုတင်ပေါ်ကတောင် မဆင်းရသေး ၊ ဘေးအိမ်က အသံကိုအရင်ကြားရသည်။
ရှောင်းကျန့်ဆိုတာလေ ဘာလို့များ ဘောင်းဘီခြေဖျားတွေ အမြဲရေစိုနေလဲမသိဘူး ။ ပန်းကန်လေးဆေးရတာပဲကို ၊
ကလေးလည်းမဟုတ်ပဲနဲ့ ။

ရိပေါ် မျက်နှာသစ်ပြီးတော့ မားက လမ်းထိပ်က mini marketမှာစျေးသွားဝယ်ခိုင်းသည်။
ပိုက်ဆံယူပြီး အိမ်အပြင်ကိုထွက်ထွက်ချင်းပဲ
အမှိုက်နှစ်ထုပ်ဆွဲပြီးထွက်လာတဲ့ ရှောင်းကျန့် နဲ့တွေ့သည်။
သူ့ကိုမြင်မြင်ချင်း ရှောင်းကျန့်က ဟွန့်ခနဲ
နှာခေါင်းတစ်ချက်ရှုံ့ပြီး မမြင်ချင်ယောင်ဆောင်ကာ ဆက်သွားသည်။

"ရှောင်းကျန့်"

"ရှောင်းကျန့်"

"ရှောင်းကျန့် ပြန်မထူးရင် ရှောင်မာမားကို မင်း ကျောင်းမှာ ရေခဲမုန့်တွေနေ့တိုင်းဝယ်စားတဲ့အကြောင်းသွားတိုင်မှာနော်"

ရှောင်းကျန့်ခြေလှမ်းတွေရပ်သွားတော့ ရိပေါ်
ပြုံးလိုက်သည်။

"ဘာလဲ"

"မင်း လမ်းထိပ်ကိုအမှိုက်သွားပစ်မှာမလား
အတော်ပဲ အပြန်ကျ tissue အထုပ်ကြီးနဲ့ ငရုတ်အနှစ်တစ်ဘူးလောက် ဝယ်ခဲ့ပေး
ရော့ ပိုက်ဆံ "

By Fair Means or Foul || Completed ||Where stories live. Discover now