|| 5 || Unicode

2.8K 367 12
                                    

" ရှောင်းကျန့်  မင်းပါပါးရောက်နေတယ်"

မုန့်စားဆင်းချိန်
စာအတင်းကူးနေတုန်း ဘေးက ကျိုးချန်က တံတောင်နဲ့တွက်ကာ အခန်းတံခါးဆီ မေးငေါ့ပြသည်။
ရှောင်းကျန့် လှမ်းကြည့်လိုက်တော့ ဝမ်ရိပေါ်ရယ်ပါ ။ လက်နှစ်ဖက်ကို ဟန်ပါပါပိုက်ထားပြီး သူ့ကိုစူးစိုက်ကြည့်နေတာမို့ ရေးလက်စ ဘောပင်ကို အသာချကာ ထွက်လာခဲ့သည်။

"ဘာကိစ္စ"

"မနက်က ကျောင်းလာတာဘာလို့မစောင့်တာလဲ"

"မင်းဘာသာမင်း မနိုးတာလေ
ပြီးတော့ ဒီ​နေ့ ငါတို့အသင်း သန့်ရှင်းရေးလုပ်ရမှာ"

"ဘယ်သူနဲ့သွားတာလဲ စက်ဘီးနောက်မှာ ဘယ်သူ့ကိုတင်စီးသေးလဲ"

"ဘယ်သူနဲ့သွားရမှာလဲ
တစ်ယောက်တည်းစီးလာတာ ရပြီလား
လူကို ပုလိပ်စစ်စစ်နေတယ်"

"ဒီတိုင်းမေးကြည့်တာ
မုန့်စျေးတန်းမသွားဘူးလား"

"မသွားအားဘူး
စာကူးနေရလို့"

"ရော့"

"ဘာမုန့်တွေလဲ ငါ့ဖို့ဝယ်လာတာလား"

"မဟုတ်ပါဘူး ဘာလို့မင်းဖို့ဖြစ်ရမှာလဲ ဒီတိုင်းပဲ မုန့်စျေးတန်းနားရောက်တာနဲ့ ပျင်းလို့လျှောက်ဝယ်လာတာ အခု
လက်ကကိုင်ရတာညောင်းလာလို့ ယူထားလိုက်စမ်းပါ"

ပြောပြီးတာနဲ့ ရိပေါ်က ချာခနဲလှည့်ထွက်သွားသည်။

"ရိပေါ်"

"....."

"နောက်နေ့တွေ အိပ်ရာထနောက်ကျရင် ငါမစောင့်ဘူးနော်"

ရိပေါ်ပြန်သွားတော့ ရှောင်းကျန့် စာသင်ခန်းထဲ ပြန်ဝင်လာခဲ့သည်။

"ရှောင်းကျန့်တို့များဟေ့
စာသင်နှစ်စတာတောင် ဆယ်ရက်မပြည့်သေးဘူး ဂရုစိုက်မယ့် ပါပါးနဲ့ဘာနဲ့"

ထိုင်တောင်မထိုင်ရသေး ကျိုးချန်က ဆီးနောက်သည်။ ရှောင်းကျန့်သူငယ်ချင်းများက
ရိပေါ်ကို ရှောင်းကျန့်ပါပါးဟု ကွယ်ရာတွင်ခေါ်ကြသည်။ ရှောင်းကျန့်ကို အရိပ်တကြည့်ကြည့်နဲ့မို့တဲ့ ။
ရှောင်းကျန့်ကတော့ မထင်ပါ။သူတို့ပြောသလို အရိပ်တကြည့်ကြည့်နဲ့ဆိုရင်တောင် ရှောင်းကျန့်ကို ဘယ်လိုအနိုင်ကျင့်ရမလဲ ကြည့်နေတာနေမှာ။

ကျောင်းဆင်းတော့ ရိပေါ်က ရှောင်းကျန့်စက်ဘီးဘေးမှာ စောင့်နေသည်။

"ရှောင်းကျန့် ဖြည်းဖြည်းနင်းနော်"

ရိပေါ်က ကယ်ရီယာခုံပေါ် တက်ခွရင်းပြောသည်။

" မင်းပြုတ်ကျအောင်ကို မြန်မြန်နင်းပစ်မှာ"

"ဖြည်းဖြည်းမှန်မှန် အောင်ပွဲခံဆိုတာမကြားဖူးဘူးလား ဟမ်"

"ဘာမှလည်း မဆိုင်ဘူး"

မနက်ခင်းတုန်းက တစ်ယောက်တည်း စီးလာတဲ့အရှိန်ရဲ့ ထက်ဝက်လောက်ကို ရှောင်းကျန့်က လျှော့ချလိုက်ပါသည်။ တော်တော်လေးနင်းလာပြီးမှ ရှောင်းကျန့်က စကားစသည်။

"ရိပေါ် မင်း တစ်ခါတလေများ ငါ့ကိုတင်နင်းပါဦးလား အမြဲတမ်း မင်းကချည်း နောက်ကထိုင်လိုက်နေတယ်"

"မနင်းချင်ပါဘူး မောတယ်
နောက်ကနေ ဇိမ်နဲ့ထိုင်လိုက်ရတာပဲကြိုက်တယ်"

"လိုက်မယ်ဆိုရင်လည်း အသာထိုင်လိုက်ကွာ
ငါ့ခါးကို လာမကိုင်နဲ့"

"ငါကလည်းကိုင်ချင်လွန်းလို့မဟုတ်ပါဘူး
ချိုင့်ခွက်တွေထဲကျရင် ငါပြုတ်ကျမှာစိုးလို့
မင်းက သေချာမှမနင်းတာ"

"....."

ရိပေါ်တို့ခြံရှေ့ရောက်တော့ ရိပေါ်က ခုန်ဆင်းနေခဲ့သည်။ခုနက ပြုတ်ကျမှာကြောက်တယ်ပြောတာ သူမဟုတ်သလိုပင်။
ရှောင်းကျန့် ခေါင်းကိုအသာယမ်းလိုက်သည်။ တစ်ခါတလေကျ ရှောင်းကျန့် ရိပေါ်ကို နားမလည်နိုင်ပါ။
အပြောတမျိုး အလုပ်တမျိုးဖြစ်ဖြစ်နေတဲ့
ကိုယ့်ကိုယ်ကိုယ်လည်း နားမလည်နိုင်ပါ။

————————
ရိပေါ် ထမင်းစားပြီးတော့ ဂိမ်းဆော့ရန် ရှောင်းကျန့်တို့အိမ်ဘက် ကူးလာခဲ့သည်။

"ရှောင်း....."

ရိပေါ်အသံက တစ်ဝက်တပျက််နဲ့ရပ်သွားသည်။ ရှောင်းကျန့်က ဧည့်ခန်းထဲမှာ သူ့ကို ကျောပေး၍ထိုင်နေသည်။ ပြီးတော့ ဘေးမှာ
လီယိုရှိနေသည်။
နှစ်ယောက်သား ခေါင်းချင်းဆိုင်ပြီး ဘာတွေပြောနေလဲတော့ မသိပါ။ဘေးမှာ စာအုပ်တွေပြန့်ကျဲနေပုံအရ စာလုပ်နေကြတာဖြစ်မည်။
ရိပေါ်အသံကိုကြားလိုက်မည့်ပုံမပေါ်။

ရိ​​ပေါ် အိမ်ဘက်ကို အတင်းပြန်ပြေးခဲ့သည်။
အိမ်ပေါ်ကို တဒုန်းဒုန်းပြေးတက်တော့ မားက တစ်ချက်လှမ်းဆူသည်။ ရိပေါ် ဂရုမစိုက်အားပါ။
လွယ်အိတ်ကိုဆွဲယူကာ ရှောင်းကျန့်တို့အိမ်ဘက်ပြန်ပြေးသည်။
နက်ဖြန်အိမ်စာထပ်ရမည်။ ရိပေါ် ဒီည စာလုပ်ကိုလုပ်ရပါမည်။

By Fair Means or Foul || Completed ||Dove le storie prendono vita. Scoprilo ora