|| 26 || Unicode

2.1K 245 4
                                    


"အချစ်ဆိုတာသာ တကယ်ရှိရင်..."

"..."

"ငါ မင်းကို ချစ်တယ်"

ရိပေါ်စကားအဆုံးမှာ  ရှောင်းကျန့် ခေါင်းထဲ ဗလာဖြစ်သွားသည်။ ထိုစကားမျိုးကို လီယိုပြောတုန်းက သူ့စိတ်ထဲမှာ အံ့သြခြင်း ၊ ရှက်ခြင်း စသည်တို့ ရောပြွန်းနေခဲ့သည်မှာ အမှန်ပင်။ ယခု ရိပေါ် ပြောသည့်အခါတွင်တော့ သူဘာမှ မတွေးနိုင်တော့လောက်အောင် ခေါင်းထဲမှာ ဟာလာဟင်းလင်းဖြစ်သွားသည်။
ရိပေါ်က ဆက်ပြောသည်။

"ဒီလိုစကားမျိုးကို ဒီအချိန် ဒီနေရာမှာပြောချင်ခဲ့တာတော့ မဟုတ်ဘူး"

"..."

"ဟို... ငါ...ငါ့ခြေထောက်ပေါ်ငါ ရပ်နိုင်ပြီး
မင်းတစ်ဘဝလုံးစာအတွက် တာဝန်ယူနိုင်ပြီဆိုမှ ပြောချင်ခဲ့တာပါ"

ထိုစကားပြောပြီး ရိပေါ်က ရှောင်းကျန့်လုပ်နေကျအတိုင်း သူ့ဂုတ်ကိုသူ လက်နှင့် ပွတ်ပြီး ရှောင်းကျန့်ကို တစ်ချက်ခိုးကြည့်လိုက်သေးသည်။

"မင်းက မင်းစိတ်ကိုယ်မင်း သေချာအောင် အချိန်ယူပြီး ဆန်းစစ်ဦးမယ်ဆိုတဲ့အချိန်မှာ ငါ့အတွက်အခွင့်အရေးတစ်စုံတစ်ရာများ ရနိုင်မလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ငါ....."

"..."

"နောက်မကျသေးဘူး ဟုတ်"

ရိပေါ်စကားကို ရှောင်းကျန့်တစ်ယောက် ယောင်ယမ်းပြီး ခေါင်းငြိမ့်လိုက်မိသည်။

"ပြီးတော့...ငါ..."

"..."

"ငါ မင်းကို ချစ်နေတာ ကြာပြီ"

ရှောင်းကျန့်မှာ အံ့သြပြီးရင်း အံ့သြရသည်။
သူ့အပေါ်မှာ ရိပေါ်ခင်တွယ်တာကို သိပေမယ့် ဒီလိုအခြေနေမျိုးထိ သူ မထင်ထားမိတာ အမှန်ပါ။ ရိပေါ်ကို သူ ဘာပြန်ပြောရမလဲ မသိအောင် ဆွံ့အနေမိသည်။

"ငါ မင်းကို ဘယ်လိုနည်းနဲ့မှ လက်လွှတ်ပေးဖို့ မဖြစ်နိုင်ဘူး"

"..."

"ငါ မင်းကို အရမ်းချစ်တာ"

"ရိ...ရိပေါ်"

"ငါ မင်းနဲ့လီယိုကို အေးအေးဆေးဆေး ထိုင်ကြည့်နေနိုင်မယ်လို့များ ထင်နေတာလား"

By Fair Means or Foul || Completed ||Where stories live. Discover now