|| 14 || Unicode

2.6K 368 32
                                    

ရှောင်းကျန့်က သိပ်ကိုပြောရခက်တဲ့ကောင်လေးပဲ။ သူမပါပဲ လီယိုနဲ့သွားသွားကစားသေးသည်။ သူ့ကိုကစားရအောင် ခေါ်ပေမယ့် သုံးယောက်တူတူမကစားချင်ပါ။
သူက ရှောင်းကျန့်နဲ့ နှစ်ယောက်တည်း ကစားချင်တာဖြစ်သည်။

ရှောင်းကျန့်က သိပ်ကိုချစ်ဖို့ကောင်းတဲ့ကောင်လေးပဲ။ရှောင်းကျန့်ရဲ့ ပါးလုံးလုံးတွေကို တရွှတ်ရွှတ်နဲ့မွှေးရတာ သူသိပ်သဘောကျသည်။ ရှောင်းကျန့်က သူမွှေးမွှေးပေးရင်မကြိုက်ပေ ။ ထိုအခါမျိုးဆို လက်ကိုကိုက်ဆွဲပစ်လိုက်မယ်ဟု ခြောက်ရ​သေးသည်။ အနိုင်ကျင့်တယ်ပြောပြော ၊ ဘာပြောပြော သူ ရှောင်းကျန့်ကို မွှေးမွှေးပေးရဖို့က အဓိကဖြစ်ပါသည်။

ရှောင်းကျန့်က သိပ်ကို အမြင်ကတ်ဖို့ကောင်းတဲ့ကောင်လေးပဲ။ သူ့ကို လီယို့လိုမလိမ္မာဘူးလို့ ပြောသေးသည်။ လီယို ဘယ်လောက်လိမ္မာကြောင်းတွေလည်း တတွတ်တွတ်လာပြောတတ်သေးသည်။အဲ့ဒီအချိန်ဆို ရှောင်းကျန့်လက်ကို ကိုက်ဆွဲပြီး ဝေးရာကိုပြေးခဲ့လိုက်သည်။ မာမားကတော့ ထိုသို့မလုပ်ဖို့ ခဏခဏ သတိပေးပေမယ့် ရှောင်းကျန့်ဆီက သူနဲ့ပတ်သတ်တာကလွဲရင် တခြားဘာကိုမှ မကြားချင်ပါ။ တစ်ခါပြောရင် တစ်ခါကိုက်ဆွဲပစ်မည်။

ရှောင်းကျန့်က သိပ်တော်တဲ့ကောင်လေးပဲ။
ရှောင်းကျန့်ဆွဲတဲ့ ပန်းချီတွေက သိပ်လှသည်။ပန်းချီဆွဲနေချိန်ဆို အာရုံစူးစိုက်နေတဲ့ ရှောင်းကျန့်ကို ထိုင်ကြည့်နေရတာ သူသိပ်သဘောကျသည်။သူအသက်ကြီးလာရင်
ရှောင်းကျန့်အတွက် ပန်းချီဆေးဘူးတွေ အများကြီးဝယ်ပေးဦးမည်။ ပြီးလျှင်... ပြီးလျှင်... ရှောင်းကျန့် ပန်းချီဆွဲတာကို တစိမ့်စိမ့် ထိုင်ငေးဦးမည်။

ရှောင်းကျန့်က သူ့ကို ဂရုမစိုက်တဲ့ကောင်လေးပဲ။  လီယိုဆွဲပေးတဲ့  သူမပါတဲ့ နှစ်ယောက်တွဲပုံကို သိမ်းထားသည်။ ထိုစာရွက်ကို ယူပြေးတော့ နောက်ကနေ လိုက်တောင်းသေးသည်။ သူမကြိုက်ပါ။ ဖြဲပစ်လိုက်သည်။ရှောင်းကျန့်က ပြန်ဆက်ရင်ဆက်နေဦးမည်။ တစ်ခါတည်း ရေထဲနှစ်ပစ်လိုက်သည်။ ရှောင်းကျန့်က ငိုသည်။ ရှောင်မာမားကို သွားတိုင်သေးသည်။ သူကျေနပ်သည်။

By Fair Means or Foul || Completed ||Where stories live. Discover now