|| 17 || Unicode

2.4K 339 19
                                    

လီယိုက ရှောင်းကျန့်ကို အိမ်အထိလိုက်ပို့ပေးပြီး ပြန်သွားသည်။ ရိပေါ်ကတော့ မလာသေး။

"ချက်ချင်းလိုက်ခဲ့ပါဆို...ဒီကလေး"

ရှောင်းကျန့်ရေမိုးချိုးပြီး အတော်ကြာသည်အထိ ရိပေါ်က စက်ဘီးလာမပို့သေးပေ။
တခဏကြာတော့ ဝမ်မားက ရှောင်းကျန့်တို့အိမ်ဘက်ကူးလာသည်။

"သား ကျန့်ကျန့်"

"ဟုတ်... ဝမ်မား"

"ရိပေါ် ဒီမှာမလား""

"ဗျာ...သူအခုထိ ပြန်မရောက်သေးဘူးလား
ကျွန်တော်က လီယိုနဲ့ ပြန်လာ..."

ရှောင်းကျန့်ကစကားကိုတောင် ဆုံးအောင်မပြောပဲ ပြေးထွက်သွားသည်။

"ကျန့်ကျန့်!"

ရှောင်းကျန့်က ကျောင်းသွားရာ လမ်းတလျှောက် အသားကုန်ပြေးသည်။ ဘေးဘီဝဲယာကို ကြည့်ပေမယ့် ရိပေါ်အရိပ်အယောင်ကိုတောင်မမြင်ရပေ။
သူ ရင်တွေပူလာသည်။ဒီကလေး ဘယ်တွေများ သွားနေတာလဲ။

သူ ဘယ်လောက်တောင်ပြေးခဲ့လဲ မသိ။ ကျောင်းနားကိုရောက်လာတာတောင် မောရကောင်းမှန်းမသိပေ။

"ရိပေါ်?"

ကျောင်းရှေ့က ဘတ်စ်ကားမှတ်တိုင်မှာ တစ်ယောက်တည်းထိုင်နေသော ကောင်လေးတစ်ယောက်။ ဘေးမှာလည်း စက်ဘီးတစ်စီးရပ်ထားသည်။

"ရိပေါ်"

ရှောင်းကျန့်က ပြောရင်းဆိုရင်း ထိုကောင်လေးဆီပြေးသည်။

"ရိပေါ်"

ငူငူငိုင်ငိုင်ထိုင်နေသော ရိပေါ်က သူ့ကို ရီဝေဝေဖြင့်မော့ကြည့်လာသည်။

"ရိပေါ်... မင်းဘာလို့ ခုချိန်ထိ..."

ရိပေါ်က ရှောင်းကျန့်ကို စကားဆုံးအောင်ပြောခွင့်မပေးပါ။ချက်ချင်းထရပ်ကာ ရှောင်းကျန့်ကို ဆွဲဖက်သည်။တင်းတင်းကျပ်ကျပ်ဖက်သည်။

"ရိပေါ်"

"ငါ..."

"..."

"ငါ့ကို...ထားမသွားပါနဲ့"

"ရိ...ရိပေါ်"

"ငါ့ကို ထားမသွားပါနဲ့ ရှောင်းကျန့်"

By Fair Means or Foul || Completed ||Where stories live. Discover now