|| 12 || Unicode

2.4K 307 10
                                    

"ရိပေါ် ဆေးလိမ်းရအောင်"

"ရတယ် မလိုဘူး"

"ဘာကိုမလိုတာလဲ မျက်နှာယောင်နေတာ မမြင်ဘူးလား"

"ရတယ်လို့"

"ပြပါဦး မျက်နှာချောချောလေးကို"

"မလိုဘူးလို့ပြောနေတယ်လေ ရှောင်းကျန့်"

ရှောင်းကျန့်က ရိပေါ်စကားကို မကြားချင်ယောင်ဆောင်ကာ မျက်နှာကိုဆွဲ၍ ဆေးလိမ်းပေးသည်။

"စပ်လား ရိပေါ်"

"မစပ်ဘူး"

"စပ်ရင် မှုတ်ပေးမလို့မေးတာ"

"စပ်တယ်"

"ခုနက မစပ်ဘူးဆို အမျိုးမျိုးပဲ "

"ခုနက မစပ်ဘူး ခု စပ်တယ်"

"ပြီးရော မင်းကလေ တကယ့်မျောက်စိတ်"

ရှောင်းကျန့်က ရိပေါ်မျက်နှာပေါ်က ဆေးထည့်ထားတဲ့ ဒဏ်ရာတွေကို လေဖွဖွလေးမှုတ်ပေးသည်။
ဆူဆူထွက်လာတဲ့ ရှောင်းကျန့်နှုတ်ခမ်းပါးပါးလေးဆီက ရိပေါ်အကြည့်မလွှဲနိုင်ပါ။

"ဝမ်ရိပေါ် ဘာလို့ ငါ့ကို စိုက်ကြည့်နေတာလဲ"

"ရှောင်းကျန့်"

"ဘာလဲ"

"နောက်တစ်ခါ မင်းနှုတ်ခမ်းကို အဲ့လိုဆူထွက်မထားနဲ့"

"မင်းပဲ စပ်တယ်ဆိုလို့ မှုတ်ပေးတာလေ
နှုတ်ခမ်းဆူပြီး မမှုတ်လို့ ပါးစပ်ပိတ်ပြီး မှုတ်ပေးရမှာလား"

"....."

"ပြီးပြီ ငါပြန်တော့မယ်"

"ဒီမှာအိပ်"

"အိပ်ချင်ဘူး ပြန်မှာ"

"ညကျ ဒဏ်ရာတွေက နာမှာ"

"နာနာပေါ့ မင်းတို့ဘာသာဖြစ်တာလေ"

"....."

"ရိပေါ် ငါ မင်းနဲ့လီယိုကို အဆင်ပြေစေချင်တယ်"

"ဒါပြောမယ်ဆို ပြန်တော့"

"ရန်ဖြစ်တာ မကောင်းဘူး ရိပေါ်"

"ငါ့ကိုမခေါ်ပဲ အပြင်သွားတာလဲမကောင်းဘူး ရှောင်းကျန့်"

"ဒါက..."

"တော်ပြီ ငါအိပ်ချင်ပြီ"

"အင်း နားလိုက်တော့"

By Fair Means or Foul || Completed ||Where stories live. Discover now