|| 23 || Unicode

2.4K 308 27
                                    

အပြင်မှ ပြန်ရောက်ရောက်ချင်း အခန်းထဲတန်းဝင်ကာ လော့ချသွားသည့် ရှောင်းကျန့်ကြောင့် ရိပေါ် အိမ်ဘက်ကိုသာ ပြန်ခဲ့လိုက်သည်။ ညကျမှ လီယိုနဲ့ဘာတွေပြောနေလို့ သူ့ကို ပြန်လွှတ်တာလဲ ဟုမေးရန် တေးထားလိုက်သည်။

ရိပေါ် ညစာစားလို့ မပြီးသေးခင်မှာပဲ ရှောင်းကျန့်က သူတို့ခြံဘက်ကူးလာသည်။ညစာစားပြီး ဧည့်ခန်းမှာ ရှောင်းကျန့်ကိုမတွေ့သဖြင့် ရှာတော့ ခြံထဲက ခုံပေါ်မှာ တစ်ယောက်တည်း ထိုင်နေသည်။ ရိပေါ် အနားတိုးကပ်သွားသည့်တိုင် ရှောင်းကျန့်က သူ့ကို သတိမထားမိ၊ အတွေးထဲ နစ်မျောနေသည့်ပုံပင်။
ရိပေါ်လည်း ရှောင်းကျန့်ဘေးမှာ ဝင်ထိုင်လိုက်သည်။

"ဘာတွေစဥ်းစားနေတာလဲ"

"..."

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ရှောင်းကျန့်ဆီက စကားပြန်ရသည်။

"ငါတို့ လမ်းခွဲလိုက်ပြီ"

"..."

"..."

"တကယ်လား"

"အင်း
မင်းရော...ဘယ်လိုထင်လဲ"

"..."

"ငါ ကလေးဆန်တယ်လို့ ထင်လား"

"ငါ မပြောတတ်ဘူး"

"အင်း အခုကျတော့လည်း လီယို့အပေါ်မှာ
အားနာသလို ခံစားရပြန်ရော
ငါက အချိန်ယူချင်ရုံတင်ပါ"

"အချိန်ယူရုံတင်??"

"သူ ငါ့အပေါ်ထားသလို ခံစားချက်မျိုး ငါ့ဘက်က သူ့ကို ပြန်မပေးနိုင်သရွေ့ ဒီလိုဆက်သွားနေလို့ မဖြစ်ဘူးထင်လို့ ၊ပြီးတော့ သူ့အပေါ်မှာ အားနာစရာ ကိစ္စတွေ ထပ်မရှိစေချင်တော့ဘူး၊ အင်း ငါသေချာစဥ်းစားကြည့်ချင်သေးတယ်
ဘာပဲဖြစ်ဖြစ် သူက ကောင်းတဲ့ကလေးတစ်ယောက်ပဲမလား ၊တကယ်လို့ တစ်နေ့နေ့ သူ့အတွက် စစ်မှန်တဲ့ တစ်စုံတစ်ယောက်နဲ့တွေ့သွားရင်တောင် ငါ သူ့အတွက် ပျော်ပျော်ကြီး လက်ခုပ်တီးပေးမှာပါ"

"..."

"မင်းလည်း နောက်တစ်ခါ ကိုယ့်ကိုကိုယ် ထိခိုက်အောင် လုပ်ဖို့မစဥ်းစားနဲ့တော့"

"အဲ့တာ မင်းအပေါ်မှာ မူတည်တယ်"

"ငါ နောက်ခါ ဘယ်သူနဲ့မှ ချိန်းမတွေ့တော့ပါဘူး ဟုတ်ပြီလား"

By Fair Means or Foul || Completed ||Where stories live. Discover now