|| 22 || Unicode

2.3K 304 11
                                    

ဆုတောင်းတိုင်းသာ
ပြည့်မယ်ဆိုလျှင်
ခပ်ဆိုးဆိုးကလေးတစ်ယောက်ပဲ
ဖြစ်ချင်ခဲ့ပါသည်။

ဝမ်ရိပေါ်တို့မိသားစု ဘေးခြံကိုပြောင်းလာတော့ ကောကောကပြောသည်။

"ဟိုဘက်ခြံမှာ ကလေးလေးတစ်ယောက်ပါတယ်တဲ့ ၊ အဖော်တစ်ယောက်တော့ ထပ်ရတော့မယ် ပျော်စရာကြီးနော်"

သူကတော့ မပျော်နိုင်ပါ။
ကောကောက အဖော်အသစ်ရသွားပြီး
သူ့ကိုမခေါ်တော့မှာ စိုးပါသည်။

ကောကောက သူ့ကိုတော့ ပစ်မထားပါ။
ပုံမှန်အတိုင်း သူနဲ့အမြဲလာကစားပါသည်။
ပုံမှန်မဟုတ်တာကတော့ ကောကောလာတိုင်း
ကောကောတို့ ဘေးခြံက ကောင်လေးပါကပ်ပါလာတတ်တာဖြစ်သည်။
ထိုကောင်လေးကို ကောကောက အတူကစားရအောင် ခေါ်ပေမယ့် ထိုကောင်လေးက အမြဲငြင်းသည်။

"မဆော့ချင်တာဖြင့် ဘာလို့လိုက်လာနေသေးလဲ နော လီယိုရယ်"

အဲ့လို အမြဲပွစိပွစိပြောတတ်တဲ့ ကောကောက
ကစားနေရင်းလည်း ထိုကောင်လေးထိုင်နေတဲ့နေရာဆီ လှမ်းလှမ်းကြည့်တတ်ပါသေးသည်။

ကလေးနှစ်ယောက်ပုံအောက်မှာ ရိပေါ်ရုပ်ဆိုးနှင့်ကျန့်ချောချောလို့ရေးထားတဲ့ ပုံဆွဲ စာရွက်ကိုမြင်တော့ တိတ်တိတ်လေး ယူသွားပြီး ဖျောက်ပစ်ခဲ့တာကို ကောကောသိမည်မထင်ပါ။အဲ့ဒီအစား သူနှင့်ကောကော နှစ်ယောက်ပုံလေးဆွဲပြီး သွားပေးတော့ ကောကောက တော်လိုက်တာဟု ချီးကျူးနေသေးသည်။ကောကောချီးကျူးတဲ့အခါ သူသိပ်ပျော်ပါသည်။

ကောကောက သူကြိုက်တတ်တဲ့ စတော်ဘယ်ရီချိုချဥ်တွေ ကျောင်းကဝယ်လာပေးမည်ဟု ပြောသည်။ အနည်းငယ်နောက်ကျမှ ရောက်လာသော သူ့အတွက် ကောကောဝယ်လာတဲ့ ချိုချဥ်တွေ မကျန်တော့ပါ။ဟိုဘက်ခြံက ကောင်လေး အကုန်ယူစားသွားတာ သူသိပါသည်။ ကောကောက နောက်နေ့မှစားလိုက်နော်၊ လိမ္မာပါတယ်ဟု ပြောသည်။
ကောကောချီးကျူးတဲ့အခါ သူမပျော်တော့ပါ။

လိမ္မာတဲ့ လီယိုကပဲသည်းခံလိုက်နော်ဆိုတဲ့ စကားတွေကိုလည်း သူမကြားချင်တော့ပါ။
လိမ္မာရတာမကောင်းဘူး။
သူ ဘယ်တုန်းကမှ မလိမ္မာခဲ့ချင်ဘူး။
သူက ဒီတိုင်း...ဒီတိုင်း ကောကောစကားကို
ငြိမ်ငြိမ်လေးနားထောင်တတ်တဲ့၊
ကောကောသဘောကျတဲ့ ကလေးတစ်ယောက်ပဲ ဖြစ်ချင်ခဲ့တာပါ။

By Fair Means or Foul || Completed ||Where stories live. Discover now