|| 10 || Unicode

2.5K 313 3
                                    

"ရိပေါ် ဖြေနိုင်လား"

"အင်း"

"ဒီနေ့ စာမေးပွဲ နောက်ဆုံးနေ့မို့
ငါ ကျိုးချန်တို့နဲ့ လျှောက်လည်မလို့
မင်း ပြန်နှင့်လိုက်တော့"

"Final စာမေးပွဲမှ မဟုတ်တာကို
လိုလို့လား အပိုတွေလုပ်နေတယ်
ပြန်လိုက်ခဲ့"

"မလိုက်ပါဘူး
မုန့်သွားစားရဦးမှာ"

"လိုက်ခဲ့လို့
ငါ ဝယ်ကျွေးမယ်"

"မတူဘူးလေ
သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက်ကြီးကမှ
ပျော်စရာကောင်းတာ"

"ဘာလဲ ငါနဲ့က ပျော်စရာမကောင်းဘူးလို့
ပြောတာလား"

"မဟုတ်..."

"လာခဲ့"

ရိပေါ်က ရှောင်းကျန့် လက်ကိုအတင်းဆွဲကာ
စက်ဘီးပေါ်တင်သည်။

"ရိပေါ်လို့"

ရိပေါ်က မကြားချင်ယောင်ဆောင်ပြီး စက်ဘီးကို အတင်းနင်းထွက်သည်။

"ခုန်ချမယ် မကြံနဲ့နော် ရှောင်းကျန့်
ပြီးမှ ငါ့ကိုအဆိုးမဆိုနဲ့"

"ဟွန့်"

အိမ်ပြန်ရောက်ရောက်ချင်း ရှောင်းကျန့်က
ကျိုးချန်ဆီဖုန်းတန်းခေါ်သည်။
ကျိုးချန်က ပါပါးကိုကြောက်လှချည်လားဟု
စနေသေးသည်။
ဆိုင်လိပ်စာသိတာနဲ့ ရှောင်းကျန့်က
အဝတ်ပြေးလဲသည်။
မားကိုနှုတ်ဆက်ကာ အိမ်အပြင်ပြေးထွက်တော့ ဝမ်ရိပေါ်နှင့် တည့်တည့်တိုးသည်။

"ဒါ ဘယ်လဲ"

"လမ်းထိပ်ကို စျေးဝယ်"

"ငါရော လိုက်မယ်"

"မလိုက်ခဲ့နဲ့
ခါတိုင်းဆို ငါ့ကိုဝယ်ခိုင်းနေပြီး
ခုမှ လိုက်မယ်လုပ်မနေနဲ့
ငါတစ်ယောက်တည်းသွားမယ်"

"လိုက်မှာပဲ"

"ဝမ်ရိပေါ်"

"ရှောင်ရှောင်းကျန့်"

"နေခဲ့"

"လိုက်မယ်"

"နေခဲ့လို့"

"လိုက်မယ်လို့"

"ပြောရတာ လက်ပေါက်ကပ်လိုက်တာ"

"မင်းဘာသာဝယ်စရာရှိတာ သွားဝယ်လေ
ငါ့ဘာသာ နောက်ကနေ လိုက်တာ
ဘာဖြစ်နေလို့လဲ"

By Fair Means or Foul || Completed ||Where stories live. Discover now