|| 20 || Unicode

2.4K 340 19
                                    

နှစ်ရက်ခန့် ကြာပြီးနောက် ရိပေါ်က ပုံမှန်အတိုင်း ကျောင်းပြန်တက်သည်။
လက်ကချုပ်ရိုးကိုတော့ မဖြည်ရသေးပေ။
သို့ပေသိ ကျောင်းသွားကျောင်းပြန် ရှောင်းကျန့်ခါးကိုတော့ ရအောင် ဖက်ပါသေးသည်။

"ရိပေါ် စာအုပ်ငှားခဲ့နော်
အိမ်ကျမှ ငါကူးပေးမယ်"

"အင်း"

"မရေးနိုင်လည်း စာကို သေချာလိုက်ကြည့်
ကြားလား"

"အင်း"

ရိပေါ် အတန်းထဲဝင်သွားမှ ရှောင်းကျန့် ကိုယ့်အတန်းကို ပြန်ခဲ့လိုက်သည်။
ဒီနေ့ မနက်မှာ သူတို့နှစ်ယောက် ကျောင်းလာတာစောသည်။ လီယိုနှင့်တော့ မတွေ့သေးပေ။ ခါတိုင်းလို ​ခြံရှေ့မှာ လီယို့ကိုမတွေ့တာကြောင့် သွားနှင့်ပြီထင်နေတာ။ ကြည့်ရတာ ရောက်သေးပုံမပေါ်။
ရှောင်းကျန့် အတန်းထဲ ဝင်ပြီး ကိုယ့်နေရာကိုယ်ဝင်ထိုင်တော့ ကျိုးချန်က ပြေးလာသည်။

"ရှောင်းကျန့် လာပြီလား"

"အင်း"

"မင်းပါပါး သက်သာလား"

"သက်သာတယ် ဒီနေ့ကျောင်းပြန်တက်နေပြီလေ"

"အဲ့တာကြောင့်မို့ထင်တယ်
မင်းမျက်နှာလန်းနေပါတယ်လို့"

"ဘာဆိုင်လဲ
အရင်ကတည်းက ဒီတိုင်းပဲဟာ"

"မဟုတ်ပါဘူး
အရင်နှစ်ရက်လောက်ဖြင့် မှိုင်တွေတွေနဲ့"

"လျှောက်ပြောပြန်ပြီ"

"တကယ်ပြောတာ
ခုမှ ပါပါးနဲ့တူတူတက်ရတော့ မျက်နှာကိုကြည်လို့ ၊ တက်ကြွတဲ့ကြက်ဖကြီးအတိုင်းပဲ"

"ကျိုးချန် မင်း..."

ရှောင်းကျန့်က ကျိုးချန်ကို စာအုပ်ဖြင့်လှမ်းထုသည်။ ကျိုးချန်က ရှောင်လိုက်ပြီး ထပြေးသွားသည်။မပြေးခင် အော်သွားသေးသည်။

"ပါပါးရိပေါ် ရဲ့ ရှောင်ရှောင်းကျန့်"

"ဘာတွေပြောနေမှန်းကို မသိဘူး"

ပြီးမှ ကျိုးချန်ပြောသွားတဲ့စကားကို ကိုယ့်ဘာသာကိုယ် ပြန်တွေးပြီး ကြိတ်ပြုံးရသေးသည်။တကယ်လည်း သူဒီနေ့ တက်ကြွနေပါသည်။ အရင်နှစ်ရက် ရိပေါ်ကျောင်းမလိုက်တုန်းက သူစက်ဘီးစီးရတာ ဟာတာတာနှင့်၊ တစ်ခုခုလိုနေသလိုခံစားရသည်။ထိုနှစ်ရက်က လိုနေသော အရာကို
ယခုမနက်မှ ပြန်ရလိုက်သလိုပင်။

By Fair Means or Foul || Completed ||Onde as histórias ganham vida. Descobre agora