|| 24 || Unicode

2.1K 242 2
                                    

စာမေးပွဲက တစ်ပတ် ၊ဆယ်ရက်ခန့်သာ လိုတော့သည့်အတွက် ကျောင်းတက်ချိန်တွေကို နားလိုက်ကာ Private study လုပ်ရန် ရက်သတ်မှတ်ပေးလိုက်သည်။ ဒီကြားထဲ ကျောင်းတက်စရာမလိုတော့သည့်အတွက် စာမေးပွဲမှသာ အားလုံးပြန်လည်ဆုံတွေ့ကြရမည်ဖြစ်သည်။ သူငယ်ချင်းတွေနဲ့ နှုတ်ဆက်ကြတော့ ကျိုးချန်က ရှောင်းကျန့်ကို ရိပေါ်နှင့် တပူးပူးတတွဲတွဲ မခွဲမခွာလုပ်မနေပဲ စာကိုဂရုတစိုက်လုပ်ဖို့ မှာသဖြင့် ရှောင်းကျန့်မှာ အော်ရယ်ရသေးသည်။

ထိုကာလအတွင်း ရှောင်းကျန့် ဘယ်ကိုမှ
မထွက်ဖြစ်ပါ။ ယုတ်စွအဆုံး လမ်းထိပ်က စျေးဆိုင်ကိုပင် မသွားဖြစ်ပါ။ မားကလည်းမခိုင်းတော့ပါ။ စာမှစာ ဖြစ်နေသည်။ အထက်တန်းအမှတ်ကောင်းမှသာ ကိုယ်နှစ်သက်ရာ တက္ကသိုလ်ကို ရွေးချယ်နိုင်မည်မလား။ နှစ်စကတည်းက စာမှန်မှန်လုပ်ခဲ့သည့်အတွက် စိုးရိမ်စရာတော့ မရှိပါ။ ကြားထဲ လီယိုနှင့် ကိစ္စကလည်း စာနှင့်ပတ်သတ်၍ သူ့ကို အဟန့်အတား မဖြစ်စေခဲ့ပါပေ။

"ရှောင်းကျန့်"

"ရိပေါ် လာပြီလား"

"အင်း"

"ညစာရော"

"စားခဲ့ပြီ"

"အင်း"

ရှောင်းကျန့်က ရိပေါ်ကိုပြောပြီးတာနှင့် သူ့စာသူ ဆက်ကြည့်နေသည်။ ရိပေါ်လည်း ရှောင်းကျန့်ကုတင်ပေါ် ဝင်ထိုင်ကာ  အိမ်ကယူလာတဲ့ စာအုပ်တွေထုတ်၍ စာကြည့်နေလိုက်သည်။ ကိုယ့်စာကိုယ်သာ ဂရုတစိုက်ကြည့်နေကြသည်မို့ စကားလည်း မပြောဖြစ်။ အချိန်မည်မျှကြာသွားသည်တောင်မသိ၊နည်းနည်းညောင်းပြီး ပင်ပန်းလာတာမို့ ရိပေါ် နာရီကြည့်လိုက်တော့ သူ စာကြည့်နေတာ နှစ်နာရီခွဲလောက်ရှိပြီ။ဒါဆို သူမလာခင်ကတည်းက စာထိုင်ကြည့်နေတဲ့ ရှောင်းကျန့်ကရော? ရှောင်းကျန့်ကို ကြည့်လိုက်တော့ စာကြည့်စားပွဲမှာ  တကုပ်ကုပ်နှင့် ခေါင်းမဖော်တမ်း စာကုန်းရေးနေသည်။ အချိန်ကိုတောင် သတိထားမိပုံမပေါ်ပေ။

ရိပေါ် ကုတင်ပေါ်မှဆင်းကာ ရှောင်းကျန့် ထိုင်ခုံနောက်ကို တိုးကပ်သွားလိုက်ပြီး စာကုန်းရေးနေတဲ့ ရှောင်းကျန့်ကို လက်နှစ်ဖက်ဖြင့် ဆွဲယူကာ နောက်သို့လှန်လိုက်သည်။
ရှောင်းကျန့်က ထိုင်ခုံနောက်မှီပေါ် မှီချကာ အပေါ်ကို မော့ကြည့်လာတော့ အောက်ကို ငုံ့ကြည့်နေသော ရိပေါ်နှင့် တည့်တည့်တိုးသည်။

By Fair Means or Foul || Completed ||Donde viven las historias. Descúbrelo ahora