|| The End || Unicode

3.3K 322 18
                                    

စက်ဘီးနောက်မှာ နှုတ်ခမ်းဆူကာ ထိုင်လိုက်လာတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့်တစ်ယောက် အသာကြိတ်ရယ်ရသည်။ မနက်ခင်း လီယိုနှင့်တွေ့ပြီးကတည်းက လီယို့သဘောအရ တစ်နေ့လုံး နှစ်ယောက် အတူလျှောက်လည်နေတာ ညနေစောင်းမှပြန်ရောက်သည်။

ပြန်ရောက်ရောက်ချင်း ရေချိုးပြီး ရိပေါ်ဆီတန်းသွားပေမယ့် ရိပေါ်က သူ့ကို စကားမပြောပါ။ သူပြောသမျှကိုလည်း မကြားချင်ယောင်ဆောင်နေသော ရိပေါ်ကိုကြည့်ကာ ရယ်ချင်စိတ်ကို အောင့်ထားရသည်။ ထိုကလေးဟာ မနက်တုန်းကအကြောင်း စကားမစသလို သူ့ကိုမေးလည်းမမေး။ ဂရုမစိုက်ချင်ယောင်ဆောင်နေသည်။ ရှောင်းကျန့်ကလည်း ရိပေါ်မမေးမချင်း ပြောပြဖို့ရာ အစီအစဥ်မရှိ။

သို့သော်လည်း ရှောင်းကျန့်ဘက်က စပြောလာမလားဆိုတဲ့စိတ်နှင့် မျှော်နေတာကိုတော့ သူသိပါသည်။ ကြာတော့ မနေနိုင်တဲ့ ရှောင်းကျန့်ကပဲ စက်ဘီးပြေးယူကာ ရိပေါ်ကို တင်ခေါ်လာရသည်။ 'ဘယ်သွားမလို့လဲ' တစ်ချက်မမေး၊ လိုက်လာတာကိုပင် ရှောင်းကျန့်က ကျေးဇူးတင်ရမည့်ပုံ။

ခဏကြာတော့ ခရီးအဆုံးကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သည်။ အထက်တန်းကျောင်းသားဘဝတုန်းက ရိပေါ်နှင့်သူ သွားနေကျ ညစျေးတန်းက ခေါက်ဆွဲဆိုင်။  မရောက်​ဖြစ်တာ ကြာပြီ။ လတွေ၊ နှစ်တွေကြာသွားတော့ အရင်ကထက် ပိုမိုသပ်သပ်ရပ်ရပ်လေးဖြစ်လာသည်။

"ခေါက်ဆွဲနှစ်ပွဲ နံနံပင်များများနဲ့"

"....."

မှာထားတာ ရောက်မလာသေးခင် ရှောင်းကျန့်က မုန့်ဆိုင်တွေ၊ လမ်းပေါ်မှာ သွားလာနေတဲ့ လူတွေကို ဟိုဟိုဒီဒီ လိုက်ကြည့်နေသည်။
ရိပေါ်ကတော့ သူ့ကို ပေါက်ထွက်မတတ်စိုက်ကြည့်နေတာကို ရှောင်းကျန့် လှည့်မကြည့်ပေမယ့် မျက််လုံးထောင့်ကနေ မြင်နေရပါသည်။
မှာထားတဲ့ ခေါက်ဆွဲနှစ်ပွဲ ရောက်လာတော့ ရှောင်းကျန့်က သူ့ပန်းကန်ထဲမှ နံနံများကို ရိပေါ်ပန်းကန်ထဲ ပြောင်းထည့်သည်။ ရှောင်းကျန့်ကသာ ခေါက်ဆွဲကို သေချာစားနေပေမယ့် ရိပေါ်ကတော့ တို့ကနန်း ဆိတ်ကနန်း။

By Fair Means or Foul || Completed ||Where stories live. Discover now