|| 4 || Unicode

2.9K 382 2
                                    

"ကော လာ ဒီဘက်ကို
ပန်းချီဆရာနဲ့မိတ်ဆက်ပေးမယ်"

ရှောင်းကျန့် လီယိုခေါ်တဲ့နောက် လိုက်လာခဲ့သည်။ မနေ့က လီယိုက ပြန်ခါနီးမှာ သူ့ပါးပါးမိတ်ဆွေရဲ့ ပန်းချီပြပွဲတစ်ခုအကြောင်းပြောပြတော့ ရှောင်းကျန့်စိတ်ဝင်စားသွားသည်။ လီယိုက ရှောင်းကျန့်သွားချင်ရင် လိုက်ပို့ပေးမယ်ဟု ပြောသည်။ ပန်းချီနဲ့ပတ်သတ်လာရင် ရှောင်းကျန့်နဲ့လီယိုက စိတ်တူ
ကိုယ်တူ ဝါသနာတူတွေဖြစ်သည်။

ပန်းချီဆရာက လီယို့ပါပါးနှင့်သိတော့ သူတို့ကို တရင်းတနှီးဆက်ဆံသည်။
ပြခန်းမှာ လူပါးနေချိန်မို့ ရှောင်းကျန့်သိချင်တဲ့ ပန်းချီကားတွေအကြောင်းတောင် ရှင်းပြလိုက်သေးသည်။

ပန်းချီပြခန်းမှာ  တစ်နာရီခွဲလောက်အချိန်ဖြုန်းပြီးတော့ နှစ်ယောက်သားပြန်လာခဲ့သည်။

"ကော ဗိုက်ဆာပြီလား တစ်ခုခုစားကြမလား"

ရိပေါ်သာ ထိုနေရာမှာဆို သူ့ကို ဗိုက်ဆာပြီလားလို့ မေးနေမှာမဟုတ် ။ ရှောင်းကျန့် ငါဗိုက်ဆာပြီဆိုပြီး သူဝင်ချင်တဲ့ဆိုင်ကိုဝင်ထိုင်လိမ့်မည်။ ရိပေါ်က တကယ့်တဇွတ်ထိုး ။

မနက်က သူ့ကိုရေနဲ့ပက်သွားပြီး သူကပဲစိတ်ဆိုးသွားသေးသည်။ လီယိုနဲ့တူတူထွက်လာတော့ သူတို့ခြံဘက်ကနေ မျက်နှာထောင့်နီကြီးနဲ့ လှမ်းကြည့်နေသည်။
ရှောင်းကျန့်ကတော့ ဂရုမစိုက်ပါ ။ သူပြောစကားနားထောင်ရအောင် သူ့သားလည်းမဟုတ် ။ပါပါးတို့တောင် ဘာမှမပြောတာကို။

" အင်း လီယို ကောဗိုက်ဆာပြီ
ဘာစားကြမလဲ"

"ကော ဘာစားချင်လဲ"

" အင်း...  ကြက်ကြော်ရယ် ဟမ်ဘာဂါရယ်
အာလူးချောင်းကြော်ရယ်"

" အိုကေ Let's go"

သူတို့ဆိုင်ထဲကို ဝင်ဝင်လာချင်း ဆိုင်ထဲမှာ
ရောက်နှင့်နေတဲ့ကောင်မလေးတွေက ဝိုင်းကြည့်ပြီး တီးတိုးတီးတိုးပြောနေကြသည်။
ချောလိုက်တာလို့ ​ရှောင်းကျန့် နားစွန်နားဖျားကြားမိပါသည်။
သေချာတယ် ။ လီယိုကို ပြောတာနေမှာ ။
ပြောလည်း ပြောချင်စရာပင် ။
လီယိုက တကယ်ချောသည်။ ဆံပင်ညိုညိုစင်းစင်းလေးတွေနဲ့ နှုတ်ခမ်းမှာ အမြဲအပြုံးစစကို ချိတ်ဆွဲထားတတ်သည်။

By Fair Means or Foul || Completed ||Where stories live. Discover now