|| 8 || Unicode

2.4K 335 4
                                    

နေ့ရက်တွေက ပုံမှန်အတိုင်း ဆက်လည်ပတ်သည်။
ရိပေါ်က ကျောင်းသွားချိန်တွေမှာ
ရှောင်းကျန့်စက်ဘီးနောက် ထိုင်လိုက်ရဖို့အရေး မနက်စောစောထတတ်လာသည်။

ဒီနေ့လည်း ရှောင်းကျန့်စက်ဘီးထွက်လာတာနှင့် ရိပေါ်က လွယ်အိတ်လွယ်ကာ အသင့်ဖြစ်နေသည်။

" Early bird ဟေ့"

"ငါနောက်ကျရင် မင်းကချန်ထားခဲ့မှာမဟုတ်ဘူးလား"

"ရိပေါ် ဒီနေ့ မင်းနင်း"

"အာ... ပျင်းတယ် မနင်းချင်ဘူး"

"မနင်းချင်ရင် ငါ့နောက်လည်းမလိုက်နဲ့"

"ရှောင်းကျန့်!!"

ရှောင်းကျန့်က စက်ဘီးဒေါက်ထောက်ပြီး လက်ပိုက်ရပ်နေသည်။
ရိပေါ် ရှောင်းကျန့်ပါးနှစ်ဖက်ကို လက်တစ်ဖက်တည်းဖြင့် စုကာညှစ်လိုက်​တော့ နှုတ်ခမ်းက စူထွက်လာသည်။

"ဟားဟား..... ဘဲနှုတ်သိီးရှောင်းကျန့်
ရှောင်းကျန့် ဘဲနှုတ်သီး"

"ဝမ်ရိပေါ်!!"

"နင်းပြီ နင်းပြီ လာ တက်"

ရှောင်းကျန့်က စက်ဘီးနောက်မှာခွထိုင်သည်။ သူစနင်းတော့ ရှောင်းကျန့်လက်တွေက သူ့အကျ...စကို တင်းတင်းဆုပ်လာသည်။
ရိပေါ် အရှိန်ထပ်တင်လိုက်တော့ ရှောင်းကျန့် အသံက ဆူဆူအောင့်အောင့်ထွက်လာသည်။

"ရိပေါ် ​ ဖြည်းဖြည်းနင်းစမ်း"

ရိပေါ် ရှောင်းကျန့်စကားကို မကြားချင်ယောင်ဆောင်ပြီး အရှိန်ထပ်တင်သည်။
ရှောင်းကျန့်လက်တွေက သူ့ခါးပေါ်ရောက်လာသည်။
ရိပေါ်အရှိန်မလျှော့မိပါ။

"ရှောင်းကျန့် လိုက်မလား"

"ဘယ်ကိုလဲ"

"ငါနဲ့အတူတူ  ဘယ်နေရာကိုမဆို"

"မင်းက ဒီလောက်မြန်မြန်နင်းနေတာ
မလိုက်ဘူး"

ရိပေါ် ရယ်ချင်သွားသည်။

"ဖြည်းဖြည်းပဲနင်းမယ်လေ လိုက်မယ်မလား"

"အင်း ဘယ်သွားမှာမို့လို့လဲ
ခုလည်း ငါမင်းနောက်က လိုက်နေတာပဲလေ"

By Fair Means or Foul || Completed ||Where stories live. Discover now