|| 18 || Unicode

2.4K 345 31
                                    

"ကျွန်တော် လက်ကိုင်လို့ရမလား ကော"

"အမ်...ရပါတယ်"

"ဟုတ်"

လီယိုက စားပွဲပေါ်တင်ထားတဲ့ ရှောင်းကျန့်လက်တွေကို ခပ်ဖွဖွဆုပ်ကိုင်လာသည်။

"ကော..."

"ဗျာ"

"ကျွန်တော်လေ...ကျွန်တော် ကောနဲ့ချစ်သူဖြစ်ခွင့်ရတာ အရမ်းပျော်တာပဲသိလား"

"..."

"ကောရော ကျွန်တော့်ကို ဘယ်လိုသဘောရလဲ"

"ငါ...ငါ လီယို့ကို သဘောကျပါတယ်"

"အင်း...ကျွန်တော်ကလည်း ကောကိုချစ်ပါတယ်"

"ဟို..."

"ပုံမှန်အတိုင်းပဲ နေပါ ကောရဲ့
အနေခက်စရာမလိုပါဘူး"

"အင်း"

"ကော မုန့်စားပြီးရင် ဘာလုပ်ချင်သေးလဲ
ဘယ်သွားချင်သေးလဲ"

"ပုံမှန်ဆို အတွဲတွေ ဒိတ်ရင် ဘာလုပ်လေ့ရှိကြလဲဟင်"

"အာ...ကျွန်တော်သိသလောက်ဆိုရင်
အခုလို ကော်ဖီဆိုင်ထိုင်တယ်
စျေးဝယ်ထွက်တယ် ရုပ်ရှင်ကြည့်တယ်"

"ရုပ်ရှင်?"

"အင်း... ကော ရုပ်ရှင်ကြည့်ချင်လား"

"ကြည့်ရင်ကောင်းမလားလို့"

"အိုကေဗျာ... မုန့်စားပြီးရင် ဝင်ကြည့်ကြမယ်"

"အွန်း"

နှစ်ယောက်သား မုန့်စားပြီးတာနှင့် လက်မှတ်ဝယ်ကာ ရုပ်ရှင်ဝင်ကြည့်ကြသည်။ ရှောင်းကျန့်အနေရခက်မှာစိုးသဖြင့် လီယိုက ရိုးရိုးတန်းလက်မှတ်ကိုသာဝယ်ခဲ့သည်။
ဇာတ်ကားတစ်ဝက်တောင်မရောက်သေး၊ ရှောင်းကျန့်ဆီဖုန်းဝင်လာသည်။

"လီယို ခဏနော်
ပြန်လာခဲ့မယ်"

ရုံထဲမှာ ဖုန်းပြောရန် အဆင်မပြေသဖြင့် ရှောင်းကျန့်က အပြင်သို့ထွက်သွားသည်။

"ဟယ်လို ရိပေါ်"

"ရှောင်းကျန့် ဘယ်မှာလဲ"

"အပြင်မှာ"

"ဘယ်မှာလဲလို့...ခုပြန်လာခဲ့"

"ပြန်လာလို့မရသေးဘူး ရုပ်ရှင်ကြည့်နေတယ်"

"မရဘူး ပြန်လာခဲ့"

By Fair Means or Foul || Completed ||Where stories live. Discover now