Farewell Letter

1.2K 113 21
                                    

[ Unicode ]

Hello!

August 10 , 2021 မှာ စတင်ခဲ့တဲ့ By Fair... ဟာ ငါးလနဲ့​လေးရက်တိတိ ကြာပြီးနောက် January 14 , 2022မှာပဲ ပြီးဆုံးသွားပါပြီ။

- ပထမဆုံးပြောချင်တာကတော့ Leoဆိုတဲ့နာမည်ကို သဘောကျလို့ ယူသုံးခဲ့ပါတယ်။အဲ့ဒီအတွက် စီနီယာauthorတွေကို full credit ပေးပါတယ်။ ဒါကတော့ စရေးကတည်းကပြောချင်ခဲ့တာပါ။

- နောက်တစ်ခုကတော့ Facebook မှာ review ရေးပေးကြတဲ့ ချစ်ရတဲ့Pageတွေပါ။ Yellow Universe for BXG နဲ့  Yizhan Fic Reviews only for BXG page က admin team​တွေကို ကျေးဇူးအထူးတင်ပါတယ်။ သူတို့ကြောင့်သာ ကိုယ့်မှာ စာဖတ်သူတွေအများကြီးနဲ့ ပိုရင်းနှီးခွင့်ရခဲ့တာပါ။အချင်းချင်း ညွှန်းပေးကြတဲ့သူတွေရှိရင်လည်း ကျေးဇူးတင်ပါတယ်နော်။

- Fic titleကိုတော့ ရိပေါ်ပြောဖူးတဲ့ ' သူဟာ ရှောင်းကျန့်ကို ရဖို့ဆို တရားတဲ့နည်းပဲဖြစ်ဖြစ် ၊မတရားတဲ့နည်းနဲ့ပဲဖြစ်ဖြစ် လုပ်မယ်' ဆိုတဲ့ သဘောနဲ့ By Fair Means or Foul ရယ်လို့ ပေးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဆိုးလေး ဘာမှလုပ်စရာမလိုပဲ ကိုကိုက သူ့ဆီ အရောက်လှမ်းပြီးသားဖြစ်နေပါတယ် keke...။

- By Fair ...ဟာ ကိုယ့်ရဲ့ ပထမဆုံးသော ခြေလှမ်းပါ။ Part 1 စစချင်းမှာပါတဲ့ ဒိုင်ယာလော့တစ်ကြောင်းကနေ ​ကြိုတင်စဥ်းစားထားခြင်းမရှိပဲ ဇာတ်လမ်းတစ်ပုဒ်ဖြစ်သွားခဲ့တာပါပဲ။ ဒါကြောင့်မို့ plot holeတွေ ၊ အရေးအသားလိုအပ်ချက်တွေ အများကြီးရှိတာ ဝန်ခံပါတယ်။ ချစ်တဲ့စိတ်နဲ့ရေးတဲ့စာမို့ စာဖတ်သူများက ချစ်တဲ့စိတ်နဲ့ နားလည်ပေးကြမယ်လို့ မျှော်လင့်မိပါတယ်။ ကြားထဲမှာ အကြောင်းအမျိုးမျိုးကြောင့် update မလုပ်နိုင်ခဲ့တဲ့ ကာလတွေလည်း ရှိပါတယ်။ အဲ့ဒီအတွက် အားနာရသလို တောင်းလည်းတောင်းပန်ပါတယ်။ စိတ်ရှည်ရှည်နဲ့စောင့်ပေးကြတာမြင်ရတော့ တကယ်ဝမ်းသာမိပါတယ်။

- နောက်ဆုံးအနေနဲ့ အလေးအနက်ပြောပြချင်တာကတော့ စာဖတ်သူတွေကို ဘယ်လောက်ကျေးဇူးတင်ကြောင်းဆိုတာပါပဲ။ ကိုယ်ဟာ self-confidence နည်းတဲ့အလျောက် အပိုင်းတွေသာများလာတယ်၊ ဇာတ်သိမ်းထိရေးနိုင်လိမ့်မယ်လို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်မရှိခဲ့တာ အမှန်ပါ။ ကြားထဲမှာ တွေဝေနေတဲ့အချိန်တွေ မနည်းမနောပါပဲ။ ဒါပေမယ့် စာဖတ်သူများပေးတဲ့ အားအင်တွေနဲ့သာ ဒီအထိရောက်ခဲ့တာပါ။  ဒါကြောင့် ဒီficမှာ ပေးခဲ့တဲ့ cmt တစ်ကြောင်း၊ vote တစ်ခုဟာ သာမန်မဟုတ်ပဲ လူတစ်ယောက်ရဲ့ ယုံကြည်ချက်ကိုပါ ပြောင်းလဲပေးနိုင်ခဲ့တယ်လို့ပြောရင် ရဲရဲသာယုံပါ။ ပြောမပြတတ်အောင် တန်ဖိုးထားရပါတယ်။ ခရီးတစ်လျှောက်လုံးအတူရှိပေးခဲ့ကြတဲ့ အချစ်တွေအပါအအဝင် silent readers တွေအထိ အားလုံးကို ကျေးဇူးကမ္ဘာပါပဲရှင်။

By Fair Means or Foul || Completed ||Where stories live. Discover now