|| 6 || Unicode

2.6K 345 8
                                    

အခြေအနေက ရုတ်တရက် အေးခဲသွားသည်။ အကြောင်းကတော့ ရိပေါ် လွယ်အိတ်ကြီးပိုက်ပြီး ပြေးလာကာ ရှောင်းကျန်နဲ့လီယိုကြား အတင်းတိုးထိုင်ရာက စသည်။

လီယိုက ရှောင်းကျန့်ရဲ့ ဘေးတစ်ဖက်ကိုပြောင်းသွားတော့လည်း ရိပေါ်က လိုက်တိုးပြန်သည်။
တစ်ယောက်မှ အလျှော့မပေးပဲ ရှောင်းကျန့်ဘေးထိုင်ရရေး တို့အရေးဖြစ်နေသော နှစ်ယောက်ကို ရှောင်းကျန့်ကြည့်မရတော့သဖြင့်
အော်ချလိုက်မှ ရပ်သွားသည်။

ဘေးတစ်ဖက်တစ်ချက်စီမှာ ထိုင်ခိုင်းလိုက်ပြီး ရှောင်းကျန့်က အလယ်မှာ မိန့်မိန့်ကြီးဖြစ်သည်။

"ရိပေါ်  ဒီနေ့ငါဂိမ်းမဆော့တော့ဘူးနော်"

"ဘယ်သူကကော ဂိမ်းဆော့ဖို့လာတယ်ပြောလို့လဲ စာလုပ်မလို့လာတာ"

" ကျားသားမိုးကြိုး ရိပေါ်
ဆေးမှားသောက်လာတာလား
ခုမှ နှစ်စပဲရှိသေးတာပါ
ဘယ်တုန်းက ဒီလိုအချိန် စာလုပ်ဖူးလို့လဲ
စာမေးပွဲနီးမှ အသည်းအသန်လုပ်တတ်တာကို"

ရိပေါ်မျက်နှာမဲခနဲ ဖြစ်သွားသည်။

"ခုလုပ်တော့ ဘာဖြစ်လဲ
ပြီးတော့ မင်း..."

ရိပေါ်က လီယိုလှမ်းပြောသည်။

"မင်းထက်သာအောင် ငါလုပ်ပြမှာ"

"အိုး... တကယ်လား ဝမ်ရိပေါ်
တစ်ခါလောက်ပြိုင်ကြည့်ကြမလား"

လီယိုက ရိပေါ်မျက်လုံးတွေကို တည့်တည့်စိုက်ကြည့်ရင်းပြောသည်။
ရိပေါ်စိတ်ထဲမှာ နည်းနည်းလှောင်ရိပ်သန်းနေသည်ဟု ထင်သည်။

"စိန်လိုက်လေ လီယို
ငါ့ဘက်ကတော့ အသင့်ပဲ
ဘာအတွက်မဆိုနော် ဘာအတွက်မဆို"

"အင်း ဘာအတွက်မဆို"

စိန်ခေါ်နေတဲ့ နှစ်ယောက်ကြား ရှောင်းကျန့်ဟာ အူကြောင်ကြောင်ရုပ်လေးနဲ့ဖြစ်နေသည်။
ထို့နောက် နှစ်ယောက်သား စာအသည်းအသန်လုပ်ကြတော့သည်။

"ရှောင်းကျန့် ငါ့ကို ဒါ ရှင်းပြဦး"

ရှောင်းကျန့် လီယိုကို စာရှင်းပြနေတုန်း ရိပေါ်က အတင်းဝင်မေးသည်။

By Fair Means or Foul || Completed ||Where stories live. Discover now