|| 9 || Unicode

2.4K 302 2
                                    

"Knock knock
ငါဝင်ခဲ့ပြီနော်"

အခန်းအပြင်က ရိပေါ်အသံကို ကြားတာနှင့်
ရှောင်းကျန့် စောင်ကို ခေါင်းမြီးခြုံလိုက်သည်။

ရိပေါ်က ဝင်လာပြီး ကုတင်ခြေရင်းတွင် ဝင်ထိုင်သည်။

"စိတ်မဆိုးနဲ့တော့"

"ရှောင်းကျန့်"

"ရှောင်းကျန့်"

"ရှောင်းကျန့်လို့"

"မင်းစိတ်ဆိုးနေလို့ ငါ့မှာ စိတ်မကောင်းတွေဖြစ်ပြီး အိမ်မှာ ထမင်းတောင်မစားနိုင်ဘူး"

'မင်းအိမ်မှာသာ မစားနိုင်တာလေ
ငါတို့အိမ်ဘက်လာပြီး တစ်ဖြဲနှစ်ဖြဲ ဝင်စားသွားတာ မဟုတ်ဘူးလား'ဆိုတဲ့ စကားကိုတော့ ရှောင်းကျန့် စိတ်ထဲကနေပဲ ပြောလိုက်ပါသည်။

"ရှောင်းကျန့် မင်းစကားပြန်မပြောရင်
ငါ ကလိထိုးမှာနော်"

ရှောင်းကျန့်ဆီက အသံထွက်မလာပါ။
ရိပေါ်လည်း စောင်နဲ့လုံးထွေးနေတဲ့ ရှောင်းကျန့်ကို ကလိလိုက်ထိုးပါတော့သည်။
ယားတတ်သောရှောင်းကျန့်က ကြာကြာဟန်မဆောင်နိုင်ပါ။

"အား ရိပေါ် ယားတယ်လို့
ရိပေါ် တော်တော့... တော်တော့လို့"

"စိတ်ဆိုးပြေတယ်ပြောမှ"

"မပြောဘူး"

"မပြောဦးဟာ... မပြောဦးဟာ"

ရိပေါ်က ရပ်မသွားပါ။ ကြာတော့ ရှောင်းကျန့်
မနေနိုင်တော့ပါ။

" ပြေပြီ ပြေပြီ
ငါစိတ်ဆိုးပြေပြီမို့ တော်တော့"

"ဟွန်း ပြီးတာပဲ"

ထို့နောက် စကားမဆိုမိကြ။ အတော်ကြာတော့ ရှောင်းကျန့်က စကားစသည်။

" ရိပေါ်  မင်း နောက်ခါ အဲ့လိုမလုပ်တော့နဲ့နော်"

"ရိပေါ်"

"ရိပေါ်လို့"

"ငါ့ကို ကတိပေး
နောက်ခါ အဲ့လို ကလေးမဆန်တော့ပါဘူးလို့"

"ဘယ်သူက ကလေးဆန်နေလို့လဲ
ပြောင်းပြန်တွေ လာပြောမနေနဲ့"

"ဒီကလေးကတော့လေ..."

"ရှောင်းကျန့်! ငါ ကလေးမဟုတ်ပါဘူးဆို"

By Fair Means or Foul || Completed ||Where stories live. Discover now