|| 3 || Unicode

3.3K 414 0
                                    

"ရိပေါ် ကျန့်ကျန့် ရေချိုးမလို့
ငြိမ်ငြိမ်လေးထိုင်စောင့်နေနော်
ပြီးမှ ကစားကြမယ်
ကျောင်းက ချိုချဥ်ဝယ်လာတယ် လွယ်အိတ်ထဲမှာ စားချင်ရင် ယူစား
စတော်ဘယ်ရီအရသာကတော့ လီယိုဖို့ချန်ထားလိုက်ဦးနော် "

" ရိပေါ် ရိပေါ် ဘယ်ရောက်သွားတာလဲ
ငြိမ်ငြိမ်ထိုင်စောင့်နေပါဆို"

"စတော်ဘယ်ရီချိုချဥ်တွေ အများကြီးဝယ်လာတာပါ တစ်လုံးမှတောင်မရှိတော့ပါလား
လီယိုလေး နက်ဖြန်မှစားတော့နော်
ကျောင်းကထပ်ဝယ်လာခဲ့မယ်"

" ရိပေါ် သားလေးရယ် ဘာလို့အံဆွဲထဲကို
ချိုချဥ်ခွံတွေ လာထည့်ထားတာလဲ
အမှိုက်ပုံးထဲ ပစ်လေ သားရဲ့"

————————

တတူတူမြည်နေသောနှိုးစက်ကို လှမ်းပိတ်လိုက်သည်။ ရိပေါ် ခါတိုင်းလို ပြန်အိပ်ချင်စိတ်မရှိပါ ။ ရှောင်းကျန့်ကို စောင့်ကြည့်ရဦးမည်။

မျက်နှာမြန်မြန်သစ်ပြီး ဝရံတာကနေထွက်
ကြည့်လိုက်တော့ ရှောင်းကျန့်က ​ခြံထဲကပန်းပင်တွေ ရေလောင်းနေသည်။
အောက်ထပ်ကိုဆင်းလာတော့ မားက မနက်စာပြင်နေသည်။

"ရှောင်ပေါ် ဒီနေ့ကျောင်းပိတ်ရက်မဟုတ်ဘူးလား"

"ဟုတ်တယ်လေ မားရဲ့ မနက်စောစော
လန်းလန်းဆန်းဆန်းဖြစ်သွားအောင် ခြံထဲလမ်းလျှောက်လိုက်ဦးမယ် "

မုန့်တစ်ခုကောက်စားပြီး ထွက်သွားသော ရိပေါ်ကို ကြည့်ကာ ဝမ်မားကတော့ တအံ့တသြဖြစ်၍ကျန်နေခဲ့သည်။

"ထူးထူးဆန်းဆန်း ဒီကလေး
ဘာတွေကြံနေပြန်ပြီလဲ မသိဘူး"

ရိပေါ် အိမ်အပြင်ထွက်လာတော့ ရှောင်းကျန့်က ရေလောင်းနေဆဲပင်။ ရိပေါ် ခြံစည်းရိုးဘေးကို အသာကပ်သွားလိုက်သည်။

"ရှောင်းကျန့်"

"ဘာလဲ စောစောစီးစီးနိုးနေပါလား မိုးတွေရွာတော့မယ်ထင်တယ် ငါရေလောင်းထားတာတော့ အလကားဖြစ်ပါပြီ"

"ဒီနေ့ အားလား"

"မအားဘူး"

"မအားရအောင် ဘယ်သွားမလို့လဲ"

By Fair Means or Foul || Completed ||Where stories live. Discover now