|| 15 || Unicode

2.4K 329 35
                                    

"ဘာ... မင်းနဲ့လီယိုနဲ့တွဲနေပြီဟုတ်လား"

"တိုးတိုးလုပ်ပါ...ကျိုးချန်ရယ်
မင်းကလည်း"

"ရိပေါ် သိလား"

"ရှောင်းကျန့် ရိပေါ်သိလားလို့"

"အင်း သိတယ်"

"သူဘာပြောသေးလဲ"

"ဘာမှမပြောလို့ ခက်နေတာပေါ့"

"ဘာမှမပြောဘူးလား"

"အင်း"

"သြော်"

"စိတ်ဆိုးသွားလို့ ချော့ရရင်တော်သေးတယ်
ခုဟာက..."

"သူလည်း ရှော့ရသွားမှာပဲလေ"

"အေးပေါ့ ငယ်ငယ်ကတည်းက သုံးယောက်အတူရှိလာတာကို ငါနဲ့လီယိုက ရုတ်တရက်ကြီး ထတွဲလိုက်တော့...ရိပေါ်အနေနဲ့ အံ့သြသွားမှာပဲ ဒါမျိုးကို လက်ခံဖို့ ခက်ခဲသွားမှာပဲ"

"ရိပေါ်က လက်ခံမှာပါ"

"ဟမ်"

"ရိပေါ်က အဲ့ဒီလိုဆက်ဆံရေးမျိုးကို လက်ခံမှာပါ  မင်းနဲ့လီယိုကိုတော့ လက်ခံမှာ မဟုတ်ဘူး"

"မင်းစကားကလည်း..."

"ဒါနဲ့ ... မင်းကရော လီယိုကိုချစ်ရဲ့လား"

"ငါ လီယို့ကို သဘောကျပါတယ်
သူနဲ့ဆို ငါ အဆင်ပြေမှာပါ"

"ရှောင်းကျန့် တစ်ခါတလေမှာ မင်းအတွေးတွေက တကယ်ရိုးစင်းလွန်းတယ် "

"..."

"ငါပြောချင်တာက ကိုယ့်ရဲ့စိတ်ခံစားချက်နောက်ကို လိုက်ကြည့် ၊ ကိုယ့်နှလုံးသားကပြောတဲ့အတိုင်း နားထောင်ကြည့်... တွေးကြည့်"

"အင်း"

"အဲ့တာဆို ပြန်မေးမယ် သေချာတွေးကြည့်နော် မင်း လီယို့အပေါ်မှာ သာမန်ထက်ပိုတဲ့ ခံစားချက်မျိုး..."

ရှောင်းကျန့်က အတော်ကြာသည်အထိ စဥ်းစားနေပါသည်။

"ငါ..."

"ငါ့မှာ ...အဲ့လိုတော့ မရှိဘူး
မရှိသေးဘူး ထင်တယ်"

"ဒါပဲ...ရှောင်းကျန့်"

"ဒါပေမယ့် အခု သူနဲ့ငါကတွဲနေတာပဲလေ
သူနဲ့အဆင်ပြေနေတာပဲ"

By Fair Means or Foul || Completed ||Where stories live. Discover now