|| 25 || Unicode

2.3K 294 6
                                    


"သွားကဲကြမယ် ယေး!!"

ပြီးပါပြီ။
သူတို့ရဲ့ အထက်တန်းကျောင်းသားဘဝ
ဒီမှာတင် ပြီးပါပြီ။
ယခုအချိန်မှာ အောင်စာရင်းကိုတော့ ဘေးချိတ်ထားပါသည်။

လျှောက်သွားရန် တစ်ယောက်တစ်ပေါက် နေရာရွေးကာ ဆူညံနေသော သူငယ်ချင်းများကို နှုတ်ဆက်ပြီး ပြန်ရန် ရှောင်းကျန့်ဆုံးဖြတ်လိုက်သည်။ရိပေါ်ကို ပေးထားသော ကတိကို ဖျက်လို့မဖြစ်ပါ။

"ဟို...အဲ့တာဆို မင်းတို့ပဲ သွားလိုက်ကြပါ
ငါပြန်နှင့်လိုက်မယ်"

"ဟာ ရှောင်းကျန့်!"

တစ်ယောက်တစ်ပေါက် အသံများက ခုနကထက် ပိုဆူညံသွားသည်။

"ဘာလဲ မင်းက ခွဲခြားခွဲခြားနဲ့..."

"အေးလေ...ဒီနေ့နောက်ဆုံးနေ့ပါဆို
လူမစုံရင် ဘယ်ပျော်စရာကောင်းပါ့မလဲ"

"မရဘူး... ရှောင်းကျန့် မင်းလိုက်ခဲ့ရမယ်"

"နော်...ရှောင်းကျန့်...နော်လို့"

ရှောင်းကျန့် အစွမ်းကုန်ငြင်းသော်လည်း ကျိုးချန်ကပါ ဆွဲခေါ်နေသည်မို့ မတတ်နိုင်၊ နောက်ဆုံးတော့ လိုက်သွားရန်သာ ဆုံးဖြတ်လိုက်သည်။
ဘာပဲပြောပြော ဒီလို အထက်တန်းနောက်ဆုံးရက်မှာ သူငယ်ချင်းတွေနှင့် ကုန်ဆုံးရတာလည်း တမျိုး​ကောင်းတာပါပဲ။ ဒီလိုအချိန်တွေက ပြန်ရနိုင်ဖို့ မသေချာဘူးလေ။ ရိပေါ်ကိုတော့ သူ အသေအချာ တောင်းပန်ရပါဦးမည်။

အဖွဲ့လိုက် ကျောင်းတံခါးဆီသို့ထွက်လာရင်း
ရှောင်းကျန့် ရိပေါ်အရိပ်အယောင်လေးများ မြင်မိမလား ရှာသေးသည်။ မတွေ့ပါပေ။
မနက်က ပြောစကားအရ ရိပေါ်တစ်ယောက်
စက်ဘီးထားသည့် နေရာမှာသာ စောင့်နေမှာ အသေအချာ ။ထိုနေရာထိ သူသွားပြောလိုက်လျှင်လည်း ရိပေါ်က ပြန်လွှတ်ဖို့ မသေချာ။

သူ ဒီလိုနောက်ဆုံးနေ့မှာ ပျော်နေတဲ့ သူငယ်ချင်းတွေကို စိတ်မပျက်စေချင်ပါ။ ရှောင်းကျန့် စိတ်ဒုန်းဒုန်းချ၍ ကျောင်းတံခါးဆီကိုသာ ဦးတည်လိုက်ပါသည်။

ဘတ်စ်ကားဂိတ်မှာ ဘတ်စ်အလာထိုင်စောင့်တော့ ကျိုးချန်က ငြိမ်ချက်သားကောင်းနေသော ရှောင်းကျန့် အနား ကပ်လာသည်။

By Fair Means or Foul || Completed ||Where stories live. Discover now