|| 13 || Unicode

2.6K 362 22
                                    

"ကော"

အအေးငုံ့သောက်နေသော ရှောင်းကျန့်က လီယို့ကို မျက်လုံးလှန်ကြည့်သည်။

"အမှတ်စာရင်းတွေ ရပြီ"

"ဟုတ်လား ကောတို့တောင်မရသေးဘူး"

"ဟုတ်တယ် လီယို ဘာသာစုံ Grade A ရတယ်"

"ဝါး လီယိုက တော်တာပေါ့ "

"အဲ့ဒါ..."

"အွန်း"

"ကော ဆုချဖို့ပြောထားတာ မေ့နေပြီလား"

"သြော် မမေ့ပါဘူးဗျာ
ပြော ဘာပူဆာမလို့လဲ"

"ကျွန်တော် ပူဆာရင် ကောက ဖြည့်ဆည်းပေးမှာလား"

"အွန်း ကောတတ်နိုင်တာရှိရင်ပေါ့"

"ကောတတ်နိုင်ပါတယ်"

"အင်း ပြောကြည့်လေ"

အချိန်အတော်ကြာသည်အထိ လီယို့ထံမှ စကားသံထွက်မလာ။ ငြိမ်ပြီး တစ်ခုခုကို အလေးအနက်စဥ်းစားနေပုံပေါ်သည်။

"လီယို ပြောလေ"

"ကော"

"အင်း"

"တွဲကြရအောင်"

ဒီတစ်ခါ ဘာစကားသံမှ ပေါ်မလာပဲ တိတ်ဆိတ်သွားတာက ရှောင်းကျန့်ရယ်ပါ။

"လီယို အဲ့ဒါက..."

"မငြင်းပါနဲ့လား ကော
ဒါ ကောအပေါ်မှာ ကျွန်တော်ပထမဆုံး အတင်းအကြပ် တောင်းဆိုမိတာပါ"

"ဒါ​​ပေမယ့် ခုက ငယ်သေး..."

"ကျွန်တော် ကောကို မေတ္တာရှိနေတာ ကြာခဲ့ပါပြီ ပြီးတော့ ကျွန်တော်လေ ကျွန်တော်နောက်ကျမကျန်ခဲ့ချင်ဘူး"

"လီယိုပြောတာ ကော သိပ်နားမလည်ဘူး
ဘာကိုနောက်ကျ..."

"ထားလိုက်ပါ အဲ့တာအရေးမကြီးပါဘူး
အဓိကက ကောပါ ကော ကျွန်တော်နဲ့တွဲမယ်မလားဟင်"

"..."

"ကျွန်တော်နဲ့တွဲလိုက်တာ ကောကိုအနှောင့်အယှက်မဖြစ်စေရပါဘူး ကျွန်တော်ကတိပေးတယ် ကျောင်းစာလည်း မပျက်စေရဘူး
ဟင် ကော"

"..."

"ကျွန်တော် ဒါလေးပဲတောင်းဆိုတာပါ
ကောရယ်"

By Fair Means or Foul || Completed ||Where stories live. Discover now