စာရေးသူ၏အမှာ

41.5K 1.5K 27
                                    

ချစ်သောပြည့်ရှင်မင်း ဝတ္ထုသည် စာရေးသူ၏စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည်။
ဟံသာဝတီသမိုင်းနဲ့အင်းဝသမိုင်းကိုစော်ကားလိုစိတ်မရှိပါ။ပါဝင်တဲ့ဇာတ်ကောင်များကလည်း စာရေးသူရဲ့ဖန်တီးမှုသာဖြစ်ပါသည်။သမိုင်းနဲ့မသက်ဆိုင်ပါ။စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည်။

ဖူးငယ်ကရာဇဓိရာဇ်အရေးတော်ပုံကျမ်းနဲ့ဆရာချစ်ဦးညိုရဲ့ရာဇဝင်ဝတ္ထုတွေကိုလေ့လာပြီးဒီficလေးကိုရေးတာပါ။ဇာတ်လမ်းဇာတ်ကြောင်းကဖူးငယ်ရဲ့ကိုယ်ပိုင်ဇာတ်ကြောင်းဖြစ်ပြီးတချို့တိုက်ပွဲဝင်ပုံတွေကဆရာချစ်ဦးညိုရဲ့ရာဇဝင်ဝတ္ထုတွေကို referenceယူပါတယ်။
Referenceယူထားတဲ့စာအုပ်တွေကတော့ဆရာချစ်ဦးညိုရဲ့နှင်းကေသရာချစ်တဲ့သူရဲကောင်း၊မဏိစန္ဒာဥဒါန်း၊သုဝဏ္ဏဘုမ္မိဝေဒနာ။

ဆင်တွေရဲ့သဘောသဘာဝကိုလည်းစာအုပ်ပေါင်းများစွာဖတ်ပြီးလေ့လာထားတာပါ။ဆင်တွေရဲ့အကြောင်းကိုတော့ ဆရာလယ်တွင်းသားစောချစ်ရဲ့မယုံမရဲယုံမှရဲ စာအုပ်ကနေလေ့လာထားပါတယ်။ပွဲတော်တွေအကြောင်း၊ထိုးကွင်းမင်ကြောင်အကြောင်း၊လွန်ဆွဲပွဲအကြောင်း၊ချည်ထည်ရက်လုပ်ပုံအကြောင်းကိုလည်းများစွာလေ့လာပြီးကိုယ်ပိုင်အစွမ်းအစနဲ့ကြိုးစားရေးထားပါတယ်ရှင်။

ဖူးငယ်ဆယ်တန်းထဲကစိတ်ကူးယဉ်ခဲ့တဲ့ အကြောင်းအရာလေးပါ။အစကမနိုင်မနင်းဖြစ်မှာစိုးလို့ မရေးခဲ့တာပါ။ဒါပေမယ့်အခုတော့တအားရေးချင်လွန်းလို့ရေးလိုက်ပါတယ်။အရေးအသားမကောင်းရင်နားလည်ပေးစေလိုပါတယ်။

--------------





ချစ်သောပြည့်ရှင်မင်း(Completed)Where stories live. Discover now