Part 15

5.1K 580 40
                                    

အင်းဝဘုရင်ရာဇခေါင်ရဲ့မိဖုရားခေါင်ကြီးနန်းဒေဝီထိပ်ခေါင်မှ သားတော်လေးမွေးဖွားသည့်သတင်းက ဟံသာဝတီနန်းတော်အထိပါ ပျံ့နှံ့လေသည်။အင်းဝဘုရင်ရာဇခေါင်က သားတော်လေးကိုလွန်စွာမြတ်နိုးပြီး မင်းရဲထွဋ်အမည်ကင်ပွန်းတပ်သည်ကိုလည်း ကြားသိရသည်။ သတင်းတွေကြားသိရတော့ နန်းစောရှင် ပြုံးမိသည်။နန်းစောရှင်နှင့်မရီးတော်သာ ထိုသားတော်လေးက နောင်တော်ကြီးရဲ့သားလေးဖြစ်ကြောင်း သိသည်။

နန်းစောရှင် ဆောင်နန်းအခန်းထဲ ခြောက်ကပ်ကပ်အော်ရယ်ကာ သလွန်ပေါ်တက် အိပ်စက်လိုက်သည်။စစ်ရေးလေ့ကျင့်ခန်းများစွာလုပ်ခဲ့ရပြီး ဆယ့်ငါးနှစ်ရှိပြီဖြစ်သည့်နန်းစောရှင်က ဟိုအရင်အချိန်များထက် ပိုပြီးသန်မာလာသည်။လှပသည့်ပုံရိပ်မှ ခံ့ညားသောပုံရိပ်ဖြစ်တည်လာ၏။နန်းစောရှင်ရဲ့လက်ကလေးများသည်လည်း အရင်လိုမနူးညံ့တော့ပေ။နန်းစောရှင်အလျင်အမြန်ဘဲ အိပ်မောကျသွားသည်။

နန်းစောရှင် ခြေထောက်ကိုတစ်စုံတစ်ယောက်ကလာရောက် ပွတ်သပ်နေသည်။ထိုလက်များမှတဆင့် ပူလောင်ပြီးအေးမြနေသည်ကို တစ်ပြိုင်နက်ထဲ ခံစားလိုက်ရသည်။နန်းစောရှင်လန့်သွားကာ ထထိုင်လိုက်မိသည်။ရှေ့တွင် မြင်လိုက်ရသည်က။

"အိမ် အိမ်ရှေ့မင်း"

အိမ်ရှေ့မင်းလည်း အံ့ဩသွားဟန်ကြောင်အကာနန်းစောရှင်ကို ကြည့်နေသည်။နှစ်ဦးသားခေတ္တတိတ်ဆိတ်သွားပြီးမှ အိမ်ရှေ့မင်းက စကားဆိုလာသည်။

"နန်းစောရှင် ကိုယ်တော်ကဆေးလိမ်းပေးတာပါ"

"ဒါပေမယ့် ညနက်သန်းခေါင်ကြီး"

"နေ့ခင်း ကိုယ်တော်လိမ်းပေးရင် နန်းစောရှင်ကလက်မခံလောက်ဘူးထင်လေလို့"

အိမ်ရှေ့မင်းရဲ့ရဲဝံ့ပြတ်သားသည့်ဟန်ပန်က ယခုအချိန်တွင်တော့ ကူရာမဲ့နေပုံပေါ်သည်။နန်းစောရှင် အရင်ကဆေးနံ့ရနေခဲ့တာက အိမ်ရှေ့မင်းညတိုင်း ဆေးလိမ်းပေးခဲ့လို့ပေါ့လေ။ဒါကြောင့် ညအခါကိုက်ခဲခြင်း မရှိတာကိုး။နန်း‌စောရှင် ရင်ထဲနွေးထွေးသွားရသည်။

"အိမ်ရှေ့မင်း နောက်ဆိုကျွန်တော်မျိုးကိုဆေးလိမ်းပေးမယ်ဆိုရင် ညနေခင်း ကိုယ်လက်သန့်စင်ပြီးတဲ့အချိန် လိမ်းပေးလို့ရပါတယ်"

ချစ်သောပြည့်ရှင်မင်း(Completed)Where stories live. Discover now