Part 40

4K 445 29
                                    

တလမေနန်း မြင်းပေါ်လွှားခနဲခုန်တက်ကာ သမိန်သူရစံအိမ်တော်ကို အပြင်းနှင်သွားသည်။သမိန်သူရရဲ့စံအိမ်တော်တွင် လူတွေကရှုပ်ထွေးပွေလီနေသည်။တလမေနန်း မြင်းပေါ်မှဆင်းကာ လူအုပ်အလယ်ကို ကြည့်သည်။ဗညားငယ်မင်းသားက တလမေနန်းမင်းသမီးကိုခပ်တင်းတင်းဖက်လိုက်သည်။

"အစ်မတော် စိတ်ထိန်းပါ"

တလမေနန်း လူအုပ်အလယ်မှ ချစ်ရသူအမောင်ကိုကြည့်ကာ စကားလုံးတွေကထွက်ကျမလာတော့။ချစ်ရသူအမောင်သည် ရွှေသလွန်ပေါ်တွင် လှဲလျောင်းနေသည်။စစ်သေနာပတိချုပ်အင်္ဂါရပ်နှင့်အညီ ရွှေရောင်တောက်သောချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်။ရွှေခါးစည်း၊‌ရွှေနားတောင်း၊ထိပ်ချွန်ကော့တက်နေသည့်ရွှေဖိနပ်၊‌ပုလဲသွယ်လည်ဆွဲများ။အမြဲတမ်း ရင်ဖိုဖွယ်စူးစိုက်ကြည့်နေတတ်သည့်မျက်ဝန်းညိုကြီးတွေက မျက်ခွံရဲ့ဖုံးလွှမ်းခြင်းကို ခံထားရသည်။ရွှေသလွန်ပေါ်တွင် လှဲလျောင်းနေသည်မှာ အိပ်စက်နေသည်အလား။

တလမေနန်း မျက်လုံးအိမ်တွေထဲတွင် မျက်ရည်စတွေလည်းမရှိ။ခံစားချက်ကင်းမဲ့သည့်မျက်ဝန်းတွေနှင့် ချစ်ရသူအမောင်ကို ကြည့်နေသည်။

"အစ်မ နင် ငိုလေ ငိုပါ"

ဗညားငယ်မင်းသား တလမေနန်းမင်းသမီးကိုဖက်ထားပြီး ငိုကာပြောသည်။တလမေနန်း  ဦးနှောက်ထဲဘာဆိုဘာမှမရှိတော့ပေ။

တလမေနန်းမင်းသမီး မြေပြင်ပေါ်ပုံလျက်သား ကျသွားသည်။တ‌လမေနန်းရဲ့မျက်လုံးတွေက နီရဲလာသည်။ရုပ်အလောင်းကိုကြည့်ကာ စကားလုံးတချို့ ထွက်အံကျလာသည်။

"ဒုံဝန်းအရေးပြီးရင်လက်ဆက်ကြမယ်တဲ့"

"ဒုံဝန်းအရေးပြီးရင်လက်ဆက်ကြမယ်တဲ့"

"ဒုံဝန်းအရေးပြီးရင်လက်ဆက်ကြမယ်တဲ့"

"ဒုံဝန်းအရေးပြီးရင်လက်ဆက်ကြမယ်တဲ့"

တလမေနန်း ထိုစကားလုံးကိုသာထပ်ခါထပ်ခါ ရေရွတ်နေသည်။တလ‌မေနန်းသည် မငို။ပြူး‌ကြောင်သောမျက်လုံးတစ်စုံနှင့် သမိန်သူရကိုသာ ကြည့်နေသည်။နီရဲသောမျက်လုံးအစုံကလည်း မည်သည့်အရာကိုမျှမြင်နေဟန်မတူ။

ချစ်သောပြည့်ရှင်မင်း(Completed)Where stories live. Discover now