Part 1

24.8K 1.3K 33
                                    

တပေါင်းလတွင် လေရူးတို့မြူး၏။မြောင်းမြမြို့တွင်ကား လေပူလေရူးများက ဝေ့ဝိုက်တိုက်ခတ်နေသည်။ကောင်းကင်‌တွင် ကြယ်ရောင်လရောင်မရှိ လမိုက်ညဖြစ်လေသည်။ဗညားသတိုး ညအမှောင်ကိုခို၍ခြေသံကိုလုံ‌စေလျက် မြောင်းမြမြို့ရိုးအပြင်ရှိ တောစပ်အပြင်ကိုထွက်လိုက်သည်။ဗညားသတိုး အဲမောင်းလှံကိုကိုင်ကာ ရာဇမနုလေးတော်ကို စလွယ်သိုင်းလွယ်ထားသည်။တောစပ်ရှိမြင့်မားသောသရက်ပင်ပေါ်သို့မျောက်တစ်ကောင်ကဲ့သို့ ပေါ့ပါးစွာတက်သည်။သရက်ပင်ပေါ်တွင် မြဲမြံစွာနေရာယူကာ မြို့ရိုးအတွင်းသို့ အမြင်အာရုံအား အစွမ်းကုန်ဖွင့်လျက် စူးရဲစွာကြည့်သည်။

မြို့ရိုးအတွင်း မြင့်မားသောခံတပ်တစ်နေရာတွင်  မြောင်းမြစားသမိန်မရူကို တွေ့ရသည်။မြောင်းမြစားက စိမ်းဖန့်သောကိုယ်ဝတ်ရုံတော်ကို ကျော့ရှင်းစွာဝတ်ထားသည်။မြို့ရိုးတစ်လျှောက်ရှိမီးတုတ်များက ဗညားသတိုးကိုရှင်းလင်းစွာမြင်‌နိုင်ရန် ကူညီပေးသည်။မြို့ရိုးအခြေတွင် သက်ကယ်ဓနိမိုးထားသော တဲအိမ်မြင်းဇောင်းများရှိသည်။မြို့ရိုးကိုဝန်းရံထားသော ကျုံးကရန်သူတွေ အလွယ်တကူမဝင်ရောက်နိုင်အောင်တားဆီးထားသည်။

လေရူးကငြိမ်ပြီ။အရှေ့မှအနောက်ကိုသာ တူရူတိုက်ခတ်နေသည်။ဗညားသတိုး လှံကိုမြေပြင်ပေါ်ပစ်ချလိုက်သည်။အဲမောင်းလှံသွားက မြေကိုထိုးစိုက်သွားသည်။ဗညားသတိုး ကျောပေါ်မှရာဇမနုလေးတော်ကိုကိုင်ပြီး မြှားထိပ်ကိုမီးရှို့ကာ လေးညို့တင်သည်။ဗညားသတိုးပစ်လွှတ်လိုက်သည့်မီးမြှားက ရာဇမနုလေးတော်မှလျှပ်စီးမိုးကြိုးအလား လျှင်မြန်စွာပျံသန်းကာ မြို့ရိုးအခြေရှိ တဲအိမ်ငယ်မြင်းဇောင်းများထံကျရောက်သွားပြီး မီးတောက်များစွဲလောင်လေသည်။ညအမှောင်ထဲတွင်ပင် ဗညားသတိုး၏လေးအတတ်မှာတစ်ဖက်ကမ်းခတ်ပြောင်မြောက်သည်။

ပူပြင်းခြောက်သွေ့သည့် သက်ကယ်ဓနိများမှာမီးစကျရာတွင် တဖျောက်‌ဖျောက်အသံမြည်ကာမီးကြီးစွဲလောင်သည်။မြောင်းမြမြို့တပ်သားများက မြို့ရိုးတံခါးကိုဖွင့်ကာ မီးစွဲလောင်ရာတဲငယ်များကိုငြိမ်း‌သတ်ဖို့ရာ ကြိုးပမ်းကြသည်။မြင်းများမလန့်စေရန် ထိန်းသိမ်းကြသည်။

ချစ်သောပြည့်ရှင်မင်း(Completed)Where stories live. Discover now