Part9

5K 615 6
                                    

ဗညားသတိုး  နောက်‌တွင်နန်းစောရှင်ကိုထိုင်
စေလျက် ဇမ္ဗုဦးကင်းထက်တွင်နေရာယူလိုက်သည်။လှံရှည်ကိုကိုင်ဆောင်ပြီး လက်တစ်ဖက်မှလည်း ချွန်းကိုကိုင်ထား၏။ဆင်ကျုံးမှမထွက်မီ  ဗညားသတိုး နန်းစောရှင်လက်ကို ကိုင်လိုက်ပြီးခါးထက်တွင် တင်လိုက်သည်။ဗညားသတိုးခေါင်းလှည့်ကာ သူ့ကျောပြင်ကိုမှီထားသည့်မျက်နှာကလေးကိုကြည့်လိုက်သည်။

"အရှင့်သား ကျွန်တော်မျိုးကိုယုံပါသလား"

နန်း‌စောရှင်ကား အသံမထွက်။လှပသည့်မျက်တောင်လေးကို တဖျတ်ဖျတ်ခတ်လာပြီး
ဗညားသတိုးကို ကြည့်သည်။နန်းစောရှင်ရဲ့မျက်နှာလေးက လှပစွာညိုးငယ်နေပြီး ဗညားသတိုး ရင်အစုံကိုနာကျင်စေသည်။

"အရှင့်သား ဘာမှမဖြစ်စေရဘူး"

ဗညားသတိုးရဲ့အံတင်းတင်းကြိတ်ထားသည့်အကြည့်က စူးရှပြတ်သားနေပြီး နန်းစောရှင်ကိုလုံခြုံမှုခံစားရစေသည်။

"အရှင့်သား သေချာဖက်ထားပါ ကျွန်တော်မျိုးတို့အင်းဝကိုစွန့်ခွာရပါလိမ့်မယ်"

နန်းစောရှင် နားလည်ကြောင်းခေါင်းညိတ်လိုက်ပြီး ဗညားသတိုးကို တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်။

သမိန်သူရနဲ့သမိန်သူရိန်  မြောက်အရပ်နန်းမြို့ရိုးသူရဲခိုရှိရာကို အပြေးသွားသည်။လူရှုပ်ထွေးနေတာကို အခွင့်ကောင်းယူကာ နန်းမြို့ရိုးသူရဲခိုထိပ်ကို လျင်မြန်စွာတက်သည်။သမိန်သူရိန်နဲ့သမိန်သူရ နန်းမြို့ရိုးထိပ်ကိုရောက်တာနှင့်ကျယ်လောင်စွာ မြည်ဟိန်းသည့်အသံကအင်းဝနန်းတွင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

ထိုအသံကား ဥပစစ်မောင်းတော်အသံ။

ဥပစစ်မောင်းတော်အသံကိုကြားတာနှင့် အရပ်လေးမျက်နှာရှိ စစ်သည်တော်အားလုံးက မြောက်အရပ်နန်းမြို့ရိုးထံသို့ အလျင်အမြန်ပြေးသွားကြသည်။ဥပစစ်မောင်းသံရဲ့အမိန့်ကားအင်းဝစစ်သားတွေကို တိုက်ပွဲခေါ်သံစသည့်တစ်ချက်လွှတ်အမိန့်ဖြစ်သည်။ဓားလှံတွေကိုင်ဆောင်ထားပြီး စစ်မြင်းတွေကိုစီးထားသည့်အကြပ်စစ်သည်တွေသည်လည်း မြောက်မြို့ရိုးကိုအပြင်းနှင်ကြသည်။

ချစ်သောပြည့်ရှင်မင်း(Completed)Where stories live. Discover now