Part4

6.4K 714 9
                                    

မင်းရဲ‌ဗလ၏အိမ်တော်က အင်းဝနန်းတွင်းရဲ့မြောက်အရပ်တွင် ဖြစ်သည်။မြင်းစီးလျှင်ခဏလေးဆိုသော်ငြား နန်းစောရှင်က ညဘက်လမ်းလျှောက်ရတာကို နှစ်သက်သည်။ နောင်တော်ကျော်ဇောက သိမ်မွေ့ပြီးနန်းစောရှင်ကို နောင်တော်ဗလအိမ်တော် သွားသည့်လမ်းတစ်လျှောက်တွင် ပုံပြင်တွေနိပါတ်တွေပြောပြသည်။နောင်တော်ကျော်ဇောရဲ့အသံက ကြည်လင်ပြီး ပြတ်သားသည်။လရောင်အောက်တွင် နန်းစောရှင်ကိုချော့မြူနေသကဲ့သို့ ရှိသည်။နန်းစောရှင် ငယ်စဉ်ကပင်မယ်‌တော်မရှိလေတော့နောင်တော်ဆယ့်နှစ်ပါးရဲ့လက်တွင်သာ ကြီးပြင်းခဲ့သည်။နောင်တော်တွေကြောင့် နန်းစောရှင်မင်းသားက အပူအပင်ကင်းမဲ့စွာနေနိုင်လေသည်။

မင်းရဲဗလအိမ်တော်ရဲ့တံခါးစောင့်ရဲမက်တွေက  မင်းရဲကျော်ဇောနှင့်နန်းစောရှင်မင်းသားကို မြင်လိုက်တာနှင့် အိမ်တော်တံခါးဖွင့်ပေးသည်။
နန်းစောရှင်ဆိုတာနှင့် နောင်တော်ဆယ့်နှစ်ပါးရဲ့အိမ်တော်က တံခါးမရှိဓားမရှိဝင်ရောက်နိုင်သည်။

မင်းရဲကျော်ဇောနှင့်နန်းစောရှင် အိမ်တော်ထဲဝင်တော့ မင်းရဲဗလတို့ညီနောင်တစ်သိုက်က အိမ်‌
ရှေ့ကွပ်ပျစ်ပေါ်တွင်ထိုင်ကာ ထန်းရည်သောက်နေကြသည်။မင်းရဲကျော်ဇော ချောင်းတစ်ချက်ဟန့်ပြီး ကွပ်ပျစ်ဘေးတွင်ရပ်လိုက်သည်။

"ဗလ တယ်သတ္တိကောင်းနေပါလား ဟမ်"

"နောင်တော်ကျော်ဇော နောင်တော်ဗလမှာ အပြစ်မရှိပါဘူး ညီတော်တို့ကသောက်ချင်တယ်ဆိုလို့နောင်တော်ဗလကခွင့်ပြုပေးတာ ဟဲဟဲ"

မင်းရဲဉာဏက စပ်ဖြီးဖြီးပြောသည်။ဘေးက
မင်းရဲနန္ဒ၊မင်းရဲစက္က၊မင်းရဲဝဏ္ဏကလည်း သံယောင်လိုက်သည်။မင်းရဲဗလကတော့ ခပ်ပြုံးပြုံး။

"တိတ်စမ်း  နက်ဖြန်ခါနံနက်စောစောညီလာခံရှိတာကိုသောက်နေကြသေးတယ် သွားအိပ်ကြတော့"

မင်းရဲဝဏ္ဏကယခုမှ နန်းစောရှင်ကိုမြင်ပုံပေါ်ပြီး နန်းစောရှင်ပါးလေးကို ဆွဲဖဲ့လိုက်သည်။

"အာ့ နာတယ် ‌နောင်တော်ရဲ့"

"ညီထွေးလေး နောင်တော့်အိမ်မှာလည်းလာအိပ်ပါဦး"

ချစ်သောပြည့်ရှင်မင်း(Completed)Where stories live. Discover now