Part14

5.1K 599 84
                                    

နန်းစောရှင် ခန္ဓာကိုယ်တစ်ခုလုံးကိုင်ရိုက်ထားသလိုပင် နာကျင်ရသည်။ခြေလှမ်းတစ်လှမ်းလှမ်းလိုက်တိုင်း ခြေထောက်တွေကိုများစွာသောလက်ပေါင်းများစွာက ဆွဲထားသလိုလေးလံလှသည်။စစ်‌ရေးစသင်သည့်ပထမဆုံးရက်မှာပင် သေလုအောင်ပင်ပန်းရသည်။နန်းစောရှင် ရေချိုးသန့်စင်ပြီးလို့ ဆောင်နန်းအခန်းထဲဝင်လာပြီး သလွန်ထက်ရောက်တာနှင့်အိပ်ပျော်သွားလေသည်။

"နန်းစောရှင်"

နန်းစောရှင်ခေါ်သံကြောင့် မျက်လုံးဖွင့်လိုက်သည်။သလွန်ဘေးတွင်ရပ်နေသည့်အိမ်ရှေ့မင်းကြောင့် ထထိုင်လိုက်လေသည်။မည်မျှအိပ်ပျော်သွားသည်မသိ။ပြတင်းတံခါးအပြင်ကို ကြည့်မိတော့ မိုးသောက်လုပြီ။နန်းစောရှင် သည်လိုမအိပ်စက်ခဲ့ရသည်က မည်မျှကြာခဲ့ပြီမသိ။ညတိုင်းအိပ်မက်ဆိုးများကြောင့် ငြိမ်းချမ်းစွာမအိပ်စက်ခဲ့ရပေ။ညကပင်ပန်းလွန်းတာကြောင့် အိပ်မောကျသွားသည်မှာ အိပ်မက်ပင်မမက်။ ခန္ဓာကိုယ်ပင်ပန်းခြင်းကလည်း ကောင်းမွန်စွာအိပ်စက်နိုင်စေသည်။နန်းစောရှင် ကိုယ်ခန္ဓာမှဆေးနံ့တချို့ရနေသည်။နန်းစောရှင် မျက်တောင်လေးကိုပုတ်ခတ်ပုတ်ခတ်လုပ်ရင်း အိမ်ရှေ့မင်းကိုကြည့်လိုက်သည်။

အိမ်ရှေ့မင်းက ရွှေချည်ဖောက်ထားသည့်အပြာရင့်ရောင်တောင်ရှည်ပုဆိုးကို ဝတ်ထားသည်။ ခေါင်းပေါင်းပဝါစနှင့်ကေသာကိုသပ်သပ်ရပ်ရပ်ထုံးထားပြီး ရွှေဗောင်းစလွယ်ကြိုးကို ဆင်ယင်ထားလေသည်။တောက်ပသည့်ပတ္တမြားနားတောင်းနှင့်အပြိုင် ထက်မြတ်သောမျက်ဝန်းတွေကစူးရှနေသည်။ချောမောသည့်မျက်နှာလေးကငယ်ရွယ်မှုကို သယ်‌ဆောင်မထားဘဲ လေးနက်တည်ကြည်မှုကိုသာ သယ်ဆောင်ထားသည်။အိမ်ရှေ့မင်း တစ်ကိုယ်လုံးထည်ဝါခံ့ညားသည့်အရှိန်အဝါ ထုတ်လွှတ်နေပြီးမြင့်မြတ်တည်ကြည်မှုက ကြီးစိုးနေသည်။  မျက်လုံးနှစ်လုံးဖွင့်တာနှင့်အိမ်ရှေ့မင်းကို မြင်လိုက်ရတာက နန်းစောရှင် ရင်ထဲနွေးထွေးသွားစေသည်။

"အိမ်ရှေ့မင်း"

"ကိုယ်တော် ယနေ့နံနက်ခင်းညီလာခံတက်ရလေမယ်မို့ နန်းစောရှင်တစ်ယောက်ထဲသာ စစ်စခန်းကိုသွားပါလေ"

ချစ်သောပြည့်ရှင်မင်း(Completed)Where stories live. Discover now