Part 2

335 29 16
                                    

Uni......

           Tayနိုးလာတော့ပတ်ဝန်းကျင်တွင်အလင်းရောင်ဖြော့ဖြော့သာမြင်ရ၍မိုးလင်းခါနီးဖြစ်မည်ဟုတွေးမိသည်။လူတစ်ကိုယ်လုံးနုံးချိနေသော်လည်းညီဖြစ်သူကိုစမ်းသပ်ကြည့်ဖို့ထရလေသည်။

''ညီခဏထနော်ကိုကိုအနာကြည့်ပေး
ပေးမယ်။သက်သာရဲ့လားလို့ညီ ညီ´´

          အတန်ကြာအောင်လှုပ်ကြည့်နေသော်လည်းNickမှာနိုးမလာသောကြောင့်
Tayစိတ်ပူလာသည်။နှာခေါင်းနားကိုကပ်ကာစမ်းသပ်မိတော့လေအ၀င်အထွက်ပင်မရှိပေ။

''Nickညီလေးထပါဦးကိုကိုခေါ်နေတယ်လေ။Nickထပါဦး´´

        ဘယ်လိုနှိုးနှိုးညီဖြစ်သူမှာနိုးမလာခဲ့သောကြောင့်Tayမျက်ရည်များကျလာသည်။ညဉီးပိုင်းမှာပြောခဲ့သောစကားများကိုပြန်ယောင်လာလေသည်။

''ကျွန်တော်အိပ်လိုက်ရင်ပြန်မနိုးလာမှာကြောက်တယ်''

''ညီကိုကို့ကိုမစပါနဲ့။ကိုကိုတို့မှာဒီ
ညီအစ်ကိုနှစ်ယောက်ပဲရှိတော့တာလေ။စနေတယ်ဆိုရင်လည်းမျက်လုံးဖွင့်ပါတော့ကွာတောင်းပန်ပါတယ်´´

ညီဖြစ်သူကိုပွေ့ဖက်ကာTayအရူးတစ်ယောက်လိုအော်ငိုမိသည်။

''ကယ်ကြပါဦးကျွန်တော်ညီလေးခေါ်လို့မရတော့လို့ပါ။တစ်ယောက်ယောက်ရှိရင်ကယ်ကြပါအဟွတ်. ဟွတ်ညီကိုကိုခေါ်နေတယ်လေPhorနဲ့Maeတို့ညီလေးကိုခေါ်မသွားကြပါနဲ့''

အတန်ကြာအော်ဟစ်ငိုကာအကူအညီတောင်းသောကြောင့်ရောအရင်ကနုံးချိနေသောကြောင့်ပါပေါင်းပြီးTayမျက်လုံးများပြာဝေလာသည်။ပတ်ဝန်းကျင်တစ်ခုလုံးလည်းလည်နေသလိုခံစားရပြီးမှောင်အတိကျသွားလေသည်။

''ငါရောသေရတော့မှာလားဟင်''

🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂

    အရုပ်လေးကိုပိုက်ကာအခန်းထောင့်လေးတွင်ကျုံ့ကျုံ့လေးထိုင်ကာရှိုက်ငိုနေသည့်10နှစ်အရွယ်ကောင်လေးတစ်ဦး။လက်ကိုတင်းကြပ်နေအောင်ဆုပ်ထားကာတစ်ခုခုကိုနာကြည်းနေသည့်ဟန်။ထိုကောင်လေးအခန်းရှေ့တွင်လည်းလင်မယားနှစ်ယောက်၏ရန်
ဖြစ်သံများကဆူညံပွက်လောရိုက်ကာထွက်လာလေသည်။

Maung.....Where stories live. Discover now