Part 37

228 12 5
                                    

Unicode...

''New New ခေါ်နေတာကြားလား''

''ဟင်''

''ငါခေါ်နေတာကြာလှနေပြီ ဘာတွေတွေးနေတာပဲ။နေမကောင်းဘူးလားပြစမ်း''

နဖူးပေါ်သို့တင်လိုက်သောKit လက်တစ်ဖက်။

''အင်း အဖျားတွေဘာတွေလဲမရှိပါဘူး။ အရင်ကဆိုမင်းအဲ့လိုမဟုတ်ဘူးနော်။အခန်း၂ကိုလဲ၃ခါပြန်ရိုက်မှအဆင်ပြေတယ်။အခုထိုင်နေတော့လည်းငေးငိုင်နေတာပဲ။စိတ်ညစ်စရာတွေများရှိနေလားမင်း''

''မရှိ မရှိပါဘူး ။အဆင်ပြေပါတယ်''

သူငယ်ချင်းဖြစ်သူကိုကြည့်ပြီးKitမှာအားမလိုအားမရပင်ဖြစ်ရသည်။

''တစ်ခုခုဆိုငါ့လဲတိုင်ပင်ပါဦး။မင်းတစ်ယောက်ထဲကြိတ်မခံစားနဲ့နော်။ငါကမင်းသူငယ်ချင်းမန်နေဂျာဆိုတဲ့ဂုဏ်ပုဒ်တွေထက်ပိုတယ်ဆိုတာလဲသတိရ ကြားလား''

''အင်း ပါငါဘာမှမဖြစ်ပါဘူး ။''

''ပြီးရော မင်းထမင်းစားဖို့သွားပြင်လိုက်ဦးမယ်''

''အင်း ''

Kitထွက်သွားတာနဲ့Newရိုက်ဖို့ကျန်နေတဲ့အခန်းကိုပြန်ဖတ်နေလိုက်လေသည်။

!ငါစကားတွေအပိုမပြောချင်ဘူး Newwiee အဲ့တော့မင်းဆုံးဖြတ်ပါ!

ကျစ်

အဒေါ်ဖြစ်သူရဲ့စကားတွေကိုပြန်ကြားယောင်လာတော့Newစုတ်သလိုက်လေသည်။

''Newwiee ''

ခေါ်သံကြားသောကြောင့်Newလှည့်ကြည့်လိုက်တော့ Earthနဲ့Mix မှာသူ့ဆီကိုလျှောက်လာကြလေသည်။ရှုတင်သိပ်မရှိတာနဲ့ပဲသူတို့နဲ့တောင်မတွေ့ဖြစ်တာကြာပြီပဲ။

''Earth လာလေ မင်းတို့နှစ်ယောက်လာတာဆိုတော့ဘာကိစ္စရှိလို့လဲ''

''မင်းကိုဖိတ်စာလာပေးတာ ဒီSundayဆိုငါတို့နှစ်ယောက်လက်ထပ်တော့မယ်''

New ပြုံးလိုက်လေသည်။

''မင်းတို့နှစ်ယောက်ကိုအခုလိုမြင်ရတာ၀မ်းသာပါတယ်ကွာ''

''ဟို ကျွန်တော်လဲအကို့ကိုတောင်းပန်ချင်လို့ပါ။ကျွန်တော်မှားမှန်းသိပါပြီ။ကျွန်တော်လေ သူငယ်ချင်းယုံစုံလုံကန်းပြီးကိုကို့အပေါ်ရောအကို့အပေါ်ရောအမှားကြီးမှားခဲ့ရပါတယ်''

You've reached the end of published parts.

⏰ Last updated: Nov 19, 2023 ⏰

Add this story to your Library to get notified about new parts!

Maung.....Where stories live. Discover now