Part 22🔞🔞

358 29 14
                                    

Unicode......

ဧည့်ခန်းထဲတွင်ပုံဆွဲနေသောKristမှာ
Newအခန်းထဲ၀င်လာတာကိုမြင်တော့ချက်ချင်းပင်ထကာပွေ့ဖက်လိုက်လေသည်။Newကျောကုန်းတောင်တစ်ချက်တီးထည့်လိုက်ပြီး....

"သောက်ကောင်စုတ်.....ပျောက်သွားလိုက်တာစာလည်းမပို့phလည်းမဆက်နဲ့မင်းတော်တော်ဆိုးလိုက်တာ"

"တောင်းပန်တယ်နော်....အချစ်လေးကကိုယ့်ကိုလွမ်းနေတာပေါ့လေ"

ဘုန်း....

"ဘောကိုအချစ်လေးလား......."

"ဟားဟား.....မတွေ့တာလည်းကြာပြီဆိုတော့နမ်းပါရစေ....နော်အချစ်လေး"

"အား.....မင်းရှေ့မတိုးလာနဲ့နော်....ဂါး...Newwiee"

အနမ်းမခံရဖို့ကိုပတ်ပြေးနေသောသူငယ်ချင်းဖြစ်သူကိုNewလိုက်ဖမ်းကာအတင်းကိုဖတ်ကာနမ်းပစ်လိုက်လေသည်။မှတ်ပြီလား.....ဟင်....

"ဟူး....ပတ်ပြေးရတာမောလိုက်တာကွာ....."

ပတ်ပြေးပြီးနှစ်ယောက်သားမောဟိုက်လာသောကြောင့်နီးစပ်ရာထိုင်ခုံပေါ်သို့ပစ်ထိုင်လိုက်ကြလေသည်။နည်းနည်းကြာတဲ့ထိထိုင်ခုံပေါ်တွင်မှီထိုင်နေခဲ့ကြပြီးနောက်Kristတစ်ခုခုကိုသတိရသွားပြီး

"နေပါဦး....မင်းဘယ်မှာနေခဲ့တာလဲကိုအခုထိမဖြေရသေးဘူးနော်...."

"မပြောပြပါဘူး.....အခုပြန်ရောက်နေပြီမဟုတ်လား"

"မင်းကလည်းကွာ...အကျင့်ပုတ်လိုက်တာ"

Kristနှာခေါင်းရှုံ့ကာပြောလိုက်တော့Newကပုခုံးတွန့်ပြလေသည်။

"ထားလိုက်ပါတော့....အဲ့မှာပျော်စရာကောင်းခဲ့လား"

ဖျက်ခနဲသတိရမိသွားသည်ကဟိုအရိုင်းအစိုင်းကောင်လေး။ထိုကောင်လေးနဲ့အဲ့အိမ်မှာတွေ့ဆုံခဲ့သည်ကအစမုန့်သွားစားရင်းဖြစ်ပျက်ခဲ့သောအဖြစ်အပျက်များအထိတွေးမိသွားလေတော့လူကတစ်ချက်ပြုံးမိသွားလေသည်။ထိုအရာကိုတွေ့မြင်သွားသောသူမှာလည်း....

"အယ်....မင်းပြုံးနေတယ်ဆိုတော့တစ်ခုခုရှိခဲ့ပုံပဲ"

Newပြုံးနေရာမှချက်ချင်းပြန်တည်သွားလေသည်။ဒါတောင်သူကောင့်သားကထပ်ပြီးအစ်မေးနေတော့၏။

Maung.....Onde histórias criam vida. Descubra agora