Part 6

323 31 15
                                    

Uni............

      Coffee Bar တစ်ခု၏ထောင့်လေးတွင်ထိုင်နေကြသောအမျိူးသားတစ်ဦးနဲ့Gameကိုသဲကြီးမဲကြီးဆော့နေကာmaskအုပ်ထားသောကောင်လေးတစ်ယောက်။အနည်းငယ်coffeeကိုကောက်မော့လိုက်ပြီးထိုအမျိူးသားထံမှအသံသဲ့သဲ့ကိုကြားရလေသည်။

''Babyကိုယ်လက်ထပ်တော့မယ်''

''Inn Congratulationအဲ့ဒါပြောချင်လို့ခေါ်လိုက်တာလားပျင်းစရာကောင်းလိုက်တာကျွန်တော်ပြန်ပြီ''

''မင်းအရမ်းသွေးအေးလွန်းတယ်မင်းငါ့ကိုမချစ်ခဲ့ဖူးဘူးလား''

''အမှန်တိုင်းပြောစေချင်လားဇာတ်
လမ်းထွင်ပြီးပြောပေးရမလားခင်ဗျားကြိုက်တာရွေးပေး''

''အမှန်အတိုင်းပြော''

''ဟင့်အင်းမချစ်ဘူး။ခင်ဗျားလည်းတစ်ကယ်ချစ်ခဲ့တာမှမဟုတ်ဘဲ။နှစ်ယောက်လုံးကအပျင်းပြေရုံသပ်သပ်တွဲခဲ့ကြတာပဲလေ''

''တွဲရုံလေးပဲဆိုပေမဲ့ကိုယ်၀န်ခံပါတယ်babyကအရမ်းချစ်ဖို့ကောင်းတယ်babyလည်းတစ်နေ့အရမ်းချစ်တဲ့သူပေါ်လာပါစေလို့ကိုယ်ဆုတောင်းပေးပါတယ်babyရဲ့အပြုံးလှလှတွေဖန်ဆင်းပေးနိုင်မဲ့သူပေါ့''

     Newပုခုံးလေးတွန့်ပြကာcoffeeဆိုမှထွက်လာခဲ့သည်။တစ်နေ့ရှိလာမှာပါအဟက် အားလုံးကအကျိုးလိုလို့ရေလာလောင်းတဲ့သူတွေကြီးပဲ။ချစ်ပါတယ်ပြောပြီးနောက်ကျောကိုဓားနဲ့ထိုးချင်တဲ့သူများကအပုံအပင်။အထူးသဖြင့်သူ့လိုလူမျိူးစီကိုပေါ့။Newကားနားရောက်ခံနီးတွင်အသံသေးသေးလေးတစ်ခုကိုလဲကြားလိုက်ရပြန်၏။

''ရော်ဘယ်သူများလဲလို့P'Newကို။ဒီနေ့တော့အမ်းနေကြSugar Daddyတွေမတွေ့မိပါလား''

Mixဆိုသည့်ထိုကောင်လေးမှာEarthရဲ့ရီးစားဖြစ်ပြီးအရမ်းကိုသ၀န်တိုတတ်သောကောင်လေးဖြစ်သည်။သူ့လိုလူမျိူးကိုမုန်းတီးနေကြသူတစ်ချိူ့ရဲ့ချောက်တွန်းသူများကြောင့်လည်းဒီကောင်လေးသူ့ကိုဆိုအမုန်းကြီးမုန်းကာတွေ့တိုင်းရန်စသည်။ဒီအခြေအနေနှင့်နေသားကျနေတော့လဲNewအပြုံးမပျက်ပင်ပြန်လည်ချေပရဦးမည်သာ

''ဟုတ်တယ်Mixရဲ့Daddyကြီးတွေနဲ့ကစားရတာပျင်းလာလို့ကိုယ့်လူရင်းတွေနဲ့တွဲရင်ကောင်းမလားလို့စဥ်းစားနေတာ''

Maung.....Where stories live. Discover now