Part 9

328 31 20
                                    

Uni>>>>

တံတောင်ဆစ်ကိုကွေးကာရင်၀ယ်ပိုက်ထားရသောCarnationပန်းရောင်အစီးလေးမှာလဲအပွင့်တစ်ပွင့်ချင်းစီအလိုက်လန်းဆန်းနေလေသည်။လန်းဆန်းဆိုဦးဆုံးဖွင့်သည့်ဆိုင်မှ၀ယ်ခဲ့ရသည်လေ။မျက်မှန်နဲ့Maskကိုချွတ်လိုက်ပြီးထိုအုတ်ဂူနှစ်လုံးရှေ့တွင်ထိုပန်းစည်းလေးကိုဖြေးညင်းစွာချလိုက်လေသည်။ထိုအတူသူပါတစ်ခါတည်း၀င်ထိုင်လိုက်ပြီးအိတ်ထဲမှtissusထုတ်ကိုယူကာအုတ်ဂူအနှံ့သုတ်ပေးလိုက်လေသည်။

''ကိုကိုလာတယ်နော်ညီညီတို့ ညီညီတို့ရောက်နေတဲ့ဘ၀မှာရောအဆင်ပြေကြရဲ့လား။ပျော်အောင်နေရမယ်နော်။ကိုကိုကတော့အဆင်မပြေဘူးကွာ။သန်မာသလိုဟန်ဆောင်နေရတာအရမ်းပင်ပန်းတာပဲညီညီတို့ရယ်။မတရားဘူးကွာ..ညီညီတို့ကကျအေးချမ်းတဲ့နေရာမှာပျော်နေကြမှာ...ဖြစ်နိုင်ရင်ညီညီတို့နဲ့သာတူတူလိုက်နေလိုက်ချင်တယ်။''

''လိမ်တယ်။ညီညီကိုကို့ကိုပြန်လာခဲ့မှာဆိုပြီး ညာတယ်။ကိုကိုစောင့်နေခဲ့တာကညီညီတို့နဲ့တွေ့ချင်လို့။ဒီလိုအဖြစ်ဆိုးတွေနဲ့ကြားချင်ခဲ့တာမဟုတ်ဘူးဆိုတာသိရက်နဲ့ကိုကို့ကိုထားရက်ခဲ့ကြတယ်နော် ''

''ညီညီတို့ဘေးမှာသာရှိရင်အရမ်းကိုပျော်မိမှာပဲ။ကိုကိုစိတ်ညစ်နေရင်ညီညီတို့ကဘေးကနေအားပေးတာအရမ်းလိုချင်မိတယ်။ညီညီတို့သိလား။ကိုကို့ဘ၀ရဲ့အိမ်မက်ဆိုးကြီးလိုပဲ။ရှေ့လျှောက်လည်းကိုကို့ဘ၀ကဘယ်လောက်ထိကြမ်းတမ်းနိုင်မလဲမသိနိုင်ဘူး။ကံကောင်းခြင်းလားကံဆိုးခြင်းလားမသိနိုင်တဲ့အခြေအနေကြီးထဲမှာကိုကိုကတော့တစ်ယောက်ထဲလျှောက်လှမ်းနေရဦးမှာပဲလေ။ဘယ်သူမှကိုကို့ဘက်မှာမရှိရင်တောင်ညီညီတို့ကဘေးမှာရှိပေးမယ်လို့ယုံကြည်မိပါတယ်''

ရွှတ်

''ကိုကိုသွားတော့မယ်နော်ညီညီတို့ကိုအမြဲတမ်းသတိရနေမှာပါဒီcarnation
ပန်းရောင်လေးကသက်သေတည်ပါတယ်''

(A\N ....Pink Carnation is means ''Don't forget you''Crd)

Pink Carnation is means ''Don't forget you''Crd)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Maung.....Where stories live. Discover now