Part 16

289 34 18
                                    

Unicode>>>>

''Okရိုက်မယ်....''

ဖလက်....ဖလက်...ချပ်

''အဆင်ပြေတယ်....နောက်ထပ်ပုံစံလေးပြောင်းပေးပါဦး''

Camera manသမား၏အော်သံအပြီးတွင်New၏ပုံစံမှာတစ်မျိုးပြောင်းသွားလေသည်။ကိုယ်နေဟန်အထားပုံစံအမျိူးမျိူးနဲ့
ရိုက်ကူးခဲ့ကြသည်မှာအချိန်တစ်ခုကြာသည်အထိ။

KAZZ အတွက်ရိုက်ကူးပေးနေရခြင်းဖြစ်သောကြောင့်အတိမ်းအစောင်းမဖြစ်အောင်တစ်ခုချင်းစီကအစဂရုတစိုက်ဆောင်ရွက်နေကြရသည်။Soloပုံများကိုအဓိကရိုက်နေရခြင်းဖြစ်ကာမန်နေဂျာKristမှာရိုက်ပြီးသားဓာတ်ပုံများကိုပြန်လည်စိစစ်၍ပြန်ရိုက်စရာရှိတာများကိုညွှန်ကြားပေးလေသည်။

''နောက်ဆုံးပုံစံပြောင်းပြီးရိုက်မယ်...
မင်းသားလက်လေးကနည်းနည်းဘေးကပ်လိုက်ဦးနော်''

.................

''ရပါပြီဗျ....အ၀တ်အစားလဲရဦးမှာလားမင်းသား''

''ကျွန်တော်ကဒီတစ်စုံဆိုပြီးပြီ''

''အဲ့ဒါဆိုပြီးပါပြီ...အနားယူလို့ရပါပြီ''

''ကျေးဇူးတင်ပါတယ်....ကျွန်တော်သွားတော့မယ်''

''ကောင်းပါပြီဗျ...''

ဓာတ်ပုံရိုက်ပြီးသည်နှင့်Kristရှိရာသို့Newထွက်လာခဲ့လေသည်။

''အဆင်ပြေလား..kit''

''Inn...ပြေတယ်...ခဏနားချင်နားလေ..ငါလုပ်လက်စလေးပြီးရင်လိုက်လာခဲ့မယ်''

''ဟုတ်ကဲ့ပါဗျ....''

''.......''

အနားမှခွာထွက်သွားသောသူငယ်ချင်းလေးအားkitခဏတော့စိုက်ကြည့်နေလိုက်လေသည်။ဘာမှလည်းမေးမရဘဲရောက်ထဲကအခန်းထဲတွင်အောင်းနေပြီးမှနေခင်းဘက်ကြီးဓာတ်ပုံရိုက်စရာရှိတယ်ဆိုကာပြန်ထွက်လာခဲ့လေသည်။ထိုအခါမှNewကိုသေချာကြည့်မိတော့နှုတ်ခမ်းထောင့်လေးတွင်သွေးစို့နေသောအနာလေးတစ်ခု...။တစ်နေရာတွင်Newရန်ဖြစ်လာခဲ့ပုံရ၍ထူးဆန်သည်မှာ
ဟိုဘက်ကသူများမှစခန်းတွင်မတိုင်ကြားခဲ့ခြင်းပင်။ကိုယ့်သူငယ်ချင်းရဲ့လက်စကိုကိုယ်သာအသိဆုံးမို့...။အနာဖုံးမိတ်ကပ်နဲ့အုပ်ပေးထားသောကြောင့်သိပ်မသိသာခြင်းဖြစ်လေ၏။

Maung.....Where stories live. Discover now