Part 25

306 33 25
                                    

Unicode....

အချိန်လင့်နေပြီဖြစ်သောကြောင့်ဆေးရုံတစ်ခုလုံးတိတ်ဆိတ်နေလျက်ရှိပြီးငြိမ်သက်နေလေသည်။သို့သော်အခန်းတစ်ခုတွင်တော့ကောင်လေးတစ်ယောက်မှာသက်ပြင်းနာနာချကာအိပ်မရဖြစ်နေ၏။အကြောင်းအရင်းမှာတော့သူရဲ့ရှေ့တည့်တည့်မှာအိပ်ပျော်နေပြီဖြစ်သောကောင်လေးကိုကြည့်ကာအိပ်မပျော်နေခြင်းဖြစ်လေသည်။

ထူထဲသောမျက်ခုံးနက်နက်တွေကအိပ်ပျော်နေတာတောင်တွန့်ချိူးနေလျက်ရှိသလိုသူ့ကိုဆိုဘယ်တော့မှအကောင်းမပြောတတ်သောပါးစပ်ကလဲတည်တင်းနေပြန်သည်။ကိုယ့်လက်ကိုပိုက်ကာအိပ်နေပြီးNewပြန်လွှတ်တာတောင်မပြန်ပဲပေကပ်ပြီးဆိုဖာကျဥ်းကျဥ်းလေးမှာနေလေရဲ့....

ညနေကလဲNewကိုသက်သာလားလာကြည့်တဲ့ဆရာ၀န်ပေါက်စလေးကိုအကြည့်စူးစူးနဲ့ကြည့်တော့ဟိုဆရာ၀န်ပေါက်စကလဲသူ့မြင်မှပဲစကားတွေအထစ်ထစ်နဲ့ချက်ချင်းပဲမေးပြီးတစ်ချိူးတည်းကိုပြေးထွက်သွားလေသည်။သူကဘာမှမဖြစ်သလိုနေနိုင်ပေမဲ့ကြားထဲကကိုယ်ကပဲအားနာရလေသည်။

အခုလဲကြည့်....ဖွင့်ထားတဲ့aircon
ကြောင့်ဒီကောင်လေးချမ်းနေသည်ဖြစ်မည်။ချမ်းနေတာတောင်ဒီတိုင်းအိပ်နေသောသူ့ကိုကြည့်နေသောကိုယ်ကပဲမနေသာတော့ပဲနောက်ဆုံးကုတင်ပေါ်ကဆင်းပြီးအပိုထားသောဆောင်တစ်ထည်ကိုဖြန့်လိုက်လေသည်။ထိုကောင်လေးကိုခြုံပေးရန်အနားရောက်သွားပြီးကာမှ...

ဟုတ်တယ်ခင်ဗျားကိုစတွေ့ထဲကအမြင်ကပ်လွန်းလို့.ကပ်ခဲ့တာ

ထိုကောင်လေးပြောခဲ့ဖူးသောစကားကိုပြန်သတိရသွားလေတော့ထိုနေရာမှာတင်ရပ်တန့်သွားလေသည်။

ဟုတ်သားပဲ....ဒီကောင်လေးကသူ့ကိုစိတ်ထဲမှာတောင်မှတ်ထားပေးခဲ့ဖူးမယ်မထင်မိပေ။သူကပဲ...ဒီကောင်လေးနဲ့ပတ်သတ်လာရင်အမှတ်မရှိခဲ့တာ...။ဒီကောင်လေးနဲ့ဆိုရှုံးနိမ့်ရတဲ့မိမိကိုယ်ကိုသာအပြစ်တင်မိလေ၏။

မင်းရူးနေပြီNewwiee....မင်းကိုကစားနေတဲ့ဒီကောင်လေးဆီကဘာတွေမျှော်လင့်နေတာလဲ....အရင်လိုပုံစံအတိုင်းပဲပြန်နေလိုက်စမ်းပါကွာ...

Maung.....Kde žijí příběhy. Začni objevovat