Part 8

300 28 15
                                    

Uni>>>>>

''တောက်စ်ရိုင်းလိုက်တာဘယ်လိုအရိုင်းအစိုင်းလဲမသိဘူး။ငါ့ကိုများလာစော်ကားနေတာ''

ခန်းမအပြင်ဘက်သို့ထွက်ရာလမ်းတွင်ရှုးရှုးရှားရှားနှင့်ဒေါသထွက်နေသောကောင်လေးမှာတွေ့သမျှကိုပါကန်ကျောက်နေလေသည်။ထိုနေရာတွင်ဘယ်သူမှမရှိလို့သာတော်သေးတော်သေးတော့သည်။မဟုတ်ရင်မနက်ဖြန်ခေါင်းစီးသတင်းစာတွင်သူ့ပုံကြီးမှာထင်းနေအောင်ပါလာမည်မှာမလွဲပင်။သို့သော်ထိုကောင်လေးနောက်သို့လိုက်နေသောတစ်ယောက်ကိုတော့မမြင်မိချေ

''အ ဘာလုပ် မင်းကိုငါ့လက်ကိုခုချက်ချင်းလွှတ်စမ်း''

      နံရံနဲ့ဖိတိုက်ထားသောကြောင့်New
ကျောဘက်ကအောင့်တတ်သွားရလေသည်။လက်တစ်ဖက်စီကလဲနံရံနဲ့ကပ်နေ​ပြီးသူ့ရဲ့လက်တွေနဲ့ဖမ်းချူပ်ထားခြင်းခံရလေ၏။Newဘယ်လိုရုန်းရုန်းလွတ်သွားခြင်းမရှိပဲကြာလာတော့မောသွားသည်သာအဖတ်တင်ရသည်။သူ့အရှေ့ကအရိုင်းအစိုင်းကတော့အောင်နိုင်သူအပြုံးဖြင့်လှောင်ရီနေလေသည်။

'' အမိန့်ပေးလို့ရတဲ့ကောင်စားထဲမှာကျူပ်မပါဘူးဆိုတာခင်ဗျားခေါင်းထဲစွဲနေအောင်မှတ်ထားလိုက်ရင်ကောင်းမယ်။ကျုပ်ကိုခုနကဘာလုပ်သွားတာလဲ''

''မင်းရဲ့ညစ်ပတ်နေတဲ့အတွေးတွေကိုပျောက်အောင်၀ိုင်နဲ့ပက်ပေးတာလေ။လွှတ်စမ်း...အရိုင်းအစိုင်းကောင်''

ပြွတ် အွန်း မင်း

       Newဘယ်ယိမ်းလိုက်ညာယိမ်းလိုက်ရှောင်နေပါသော်လဲမရမကကိုလိုက်နမ်းနေသောသူ။သူ့ရဲ့ပထမဆုံးအနမ်းကဒီလိုအရိုင်းအစိုင်းကောင်အတွက်မဟုတ်ဘူး။ဒါကြောင့်လဲရှိသမျှလက်ကျန်အားနဲ့ထိုကောင်ကိုတွန်းထုတ်လိုက်လေသည်။နှုတ်ခမ်းကိုလဲပေါက်ပြဲထွက်မတပ်ပွတ်လိုက်ပြီး

''မိုက်ရိုင်းလိုက်တဲ့ကောင်မင်းကိုကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့တရားစွဲပြစ်မယ်´´

''အဟက်နမ်းတာလေးနဲ့တရားဆွဲခံရမယ်ဆိုတော့မတရားလိုက်တာ။ဒီလိုလုပ်ပါလားပြစ်မှုပိုတပ်လို့ကောင်းသွားအောင်ကျုပ်နဲ့အိပ်လိုက်လေ´´

Maung.....Donde viven las historias. Descúbrelo ahora