Part 36

189 13 5
                                    

Unicode...

''အဆင်ပြေခဲ့လား´´

''ပြေပါတယ်မမလေး ဒီမှာဓာတ်ပုံတွေပါ´´

          စားပွဲခုံပေါ်တွင်တင်ထားသောပုံများကိုကြည့်၍Serinat အပျော်ကြီးကိုပျော်နေလေသည်။ဓာတ်ပုံထဲရှိရှုထောင့်အမျိူးမျိုးနဲ့ရိုက်ခြင်းခံထားရသောတူဖြစ်သူနဲ့ဟိုကောင်လေးမှာဘာမှမသိစွာဖြင့်အေးအေးဆေးဆေးပင်ဘန်ဂလိုထဲ၀င်သွားသည့်ပုံများပင်ဖြစ်သည်။ဒီပုံတွေကသူ့မအတွက်ရလာဒ်ကောင်းတွေအများကြီးရမဲ့ဂွင်။ဒီလိုဂွင်ကိုမှလက်လွှတ်ရရင်Serinat တို့လူဖြစ်ခဲ့ရကျိူးဘယ်နပ်ပါ့မလဲ။

''ကျေးဇူးတင်တယ် မင်းပြန်လို့ရပြီ´´

''ဟုတ်ကဲ့ ကျွန်တော်သွားလိုက်ပါဦးမယ်´´

      ပုံများကိုတစ်ပုံချင်းစီအသေးစိတ်ကြည့်၍သူမထပ်မံပြုံးလိုက်လေသည်။တူဖြစ်သူကိုစည်းရုံးပြီးထိုကောင်လေးဆီကအိမ်ဂရမ်ကိုပြန်ယူခိုင်းရမည်သာ။မလုပ်ပေးစရာတော့မရှိပါဘူး ။မဖြစ်မနေကိုလုပ်ရမဲ့အကြောင်းအရင်းကသူမဆီတွင်ခိုင်မာစွာရှိနေပြီးသားမို့ပင်။

       ချကျွေးရမဲ့သားကောင်ကတူဖြစ်သူဖြစ်နေသော်လဲထွေထူးပြီး၀မ်းနည်းခြင်းမရှိခဲ့ပါ။တူဖြစ်လင့်ကစားသူမရဲ့ပိုင်ဆိုင်မှုလောက်အရေးမပါပေ။ဘယ်လိုနည်းနဲ့ပဲကြိုးစားခဲ့ပါစေဒီလိုဘ၀မျိူးရောက်ခဲ့ပြီးမှအရင်အခြေအနေကိုတော့ပြန်မသွားနိုင်ဘူးလို့ပဲသူမသတ်မှတ်ထား၏။သူမဘ၀ကောင်းစားဖို့တစ်ချို့လူတွေကိုချနင်းသင့်နင်းရမည်သာ။

''ညနေကျရင် Newwieeကိုငါ့အိမ်လွှတ်လိုက်´´

''................´´

     အဟင်း ငယ်ငယ်ထဲကကျွေးမွေးလာခဲ့တဲ့အဒေါ်ဖြစ်သူရဲ့ကျေးဇူးကိုပြန်ဆပ်ချိန်တန်ပြီလေ။

🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂

''ခင်ဗျားကိုဘယ်ကိုလိုက်ပို့ပေးရမှာလဲ ´´

''တိုက်ခန်းကိုပဲပြန်ပို့ပေးတော့Kitငါ့ကိုလိုက်ရှာနေလောက်ပြီထင်တယ်။phတွေလဲခေါ်ထားသေးတယ်´´

      love set တွင်New၀င်ထိုင်လိုက်ရင်းလူဆိုးကောင်အမေးကိုဖြေလိုက်လေ၏။လူဆိုးကောင်ကဘာမှမပြောတော့ပဲကားစက်နှိုးလိုက်လေသည်။သူတို့နှစ်ယောက်လုံးနေ့လည်စာစားပြီးမှထွက်လာခဲ့ခြင်းဖြစ်လေသည်။

Maung.....Where stories live. Discover now