Part 5

300 31 5
                                    

Uni..........

''ဖြောင်း ဖြောင်း ဖြောင်း´´

      လက်ခုပ်သံများကျယ်လောင်စွာထွက်ပေါ်လာသောအခမ်းအနားတစ်ခု။တစ်ခန်းလုံးပြည့်အရွယ်စုံကလေးများသာမကလူကြီးများပါစီစဥ်ပေးထားသောထိုင်ခုံပေါ်တွင်ထိုင်နေကြလေသည်။သတင်းထောက်များ၊videoရိုက်ကူးရေးသမားများမှာလည်းလှုပ်ရှားမှုများတစ်ခုချင်းစီကိုမှတ်တမ်းတင်ရိုက်ကူးနေကြသည်။ရှေ့ဆုံးတန်းတွင်တော့
အရွယ်တင်နုပျိူလှသောအမျိူးသမီးတစ်ဦးနဲ့အမျိုးသားတစ်ဦးထိုင်နေကြလေသည်။ဆံပင်ကိုခပ်မြင့်မြင့်ထုံးကာတစ်ပွင့်သောစိန်နားကပ်နှင့်ဂါ၀န်ပြည့်၀တ်ဆင်ထားသည်မှာထိုအမျိူးသမီး၏နုပျိူခြင်းကိုဖော်ပြနေလေသည်။ဘေးမှအမျိူးသားမှာလည်းsuit၀တ်စုံကို၀တ်ဆင်ထားပြီးနက်ကတိုင်တွင်ရွှေရောင်ညှပ်ကလစ်နှင့်အရမ်းကိုကြည့်ကောင်းလွန်းသည်။ထိုစင်မြင့်ထက်သို့ဆရာမကြီးတစ်ဦးတတ်လာပြီးစီစဥ်ပေးထားသောမိုက်ရှေ့တွင်နေရာ၀င်ယူလိုက်ပြီး

ဆရာမကြီး:အခုလိုကျွန်မတို့ဂေဟာအတွက်
Bath 1Mနဲ့သုံးထပ်ဆောင်အဆောက်အဦးကိုလာရောက်လှူဒါန်းခဲ့ကြသောT company
လုပ်ငန်းစုမှCEO Kun Serinatနဲ့ဒုCEO Kun Chifon ကိုစင်မြင့်ပေါ်မှဂုဏ်ပြုမှတ်တမ်းပေးအပ်ချီးမြှင့်နိုင်ရန်ဖိတ်ခေါ်အပ်ပါတယ်။

       လက်ခုပ်သံများထပ်မံထွက်ပေါ်လာပြီးနောက်Serinatနဲ့Chifonတို့စင်မြင့်ပေါ်သို့ရောက်ရှိသွားလေသည်။

''အခုလိုလှူဒါန်းခွင့်ရတဲ့အတွက်
ကျွန်မအရမ်းကိုကျေနပ်မိပါတယ်။နောက်လည်းဒီလိုမျိူးတွေနေရာစုံလှူဒါန်းသွားမှာပါ။ဒီကလေးတွေသာကျွန်မလှူဒါန်းထားတဲ့နေရာမှာပျော်ရွှင်နေတယ်ဆိုတာနဲ့တင်ကျွန်မအရမ်းကို၀မ်းမြောက်နေပါပြီ။ဒီအစီအစဥ်ကိုဖြစ်မြောက်အောင်ကူညီပေးကြတဲ့Companyမှ၀န်ထမ်းများကိုလည်းကျေးဇူးတင်ပါတယ်။ဒီဂုဏ်ပြုမှတ်တမ်းလေးကကျွန်မတစ်ယောက်ထဲဟာမဟုတ်ပါဘူး။ကူညီပေးကြတဲ့တစ်ယောက်ချင်းစီရဲ့ဂုဏ်ပြုမှတ်တမ်းလေးပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်´´

       စကားဆုံးသွားသည်နှင့်လက်ခုပ်သံများနောက်တစ်ကြိမ်ထပ်မံ၍ထွက်ပေါ်လာပြန်သည်။ဂုဏ်ပြုမှတ်တမ်းဆုလေးကိုကိုင်ကာထိုလူနှစ်ယောက်မှာအပြုံးပန်းများ၀ေဆာနေလေသည်။T Companyဆိုတာနာမည်ကြီးBrandတွေပဲထုတ်တဲ့
Companyတစ်ခုအပြင်လှူဒါန်းကြသောသူများမှာလည်းModelတစ်ယောက်ဖြစ်ပြီးFanအများကြီးကိုပိုင်ဆိုင်ထားသောမင်းသားNewwieeရဲ့အဖေနဲ့အဒေါ်ဖြစ်သောကြောင့်ရုပ်သံလိုင်းများမှာသူ့ထက်ငါလုကာအပြိုင်အဆိုင်မှတ်တမ်းတင်နေကြသည်။ဒီနေ့တစ်နေ့လုံးသူတို့ပိုင်ရုပ်သံလိုင်းမှာထိုအခမ်းအနားပါလာမည်သာမလွဲပေ။စင်ပေါ်ကဆင်းဆင်းချင်းပင်၀ိုင်းအုံလာသောသတင်းထောက်များစွာ

Maung.....Where stories live. Discover now