Part 27

332 28 15
                                    

Unicode....

At5:45PM

နေ၀င်ကာနီးအချိန်ကာလ.....
    
      ငြိမ့်ငြိမ့်လေးသာစီးဆင်းနေသောမြစ်ကြောင်းနှင့်ထိုမြစ်ကြောင်းတစ်လျှောက်ပေါက်ရောက်နေသောအပင်များကအုပ်ဆိုင်းလျှက်ရှိနေလေ၏။အမျိူးအမည်ပင်မသိတော့လောက်အောင်အလေ့ကျပေါက်ပင်များပေါက်ရောင်ကာတိတ်ဆိတ်လှသောနေရာများဖြစ်ပြီးပုရစ်၊တို့ရဲ့အော်မြည်သံကမြစ်ကမ်းစပ်တစ်လျှောက်တွင်ဆူညံစွာထွက်ပေါ်လျှက်ရှိလေသည်။

         ထိုစဥ်တစ်ဗွမ်းဗွမ်းရေကူးသံကိုသာကြားရပြီးကမ်းစပ်အနားသို့ချဥ်းကပ်ကူးခတ်လာသောလူနှစ်ယောက်။လူနှစ်ယောက်ကူးလာသည်ဆိုသည်ထက်ဂျိုင်းအောက်ကနေပွေ့ချီကာကူးခတ်လာသောတစ်ယောက်ထဲသောသူဆိုပိုမှန်လေမည်။ကျန်တစ်ယောက်မှာမူရေထဲမှာသတိလွတ်သွားဟန်ဖြစ်ခဲ့သည်နှင့်တူကာဆွဲခေါ်ရာနောက်ကိုသာပါလာခဲ့ရလေသည်။

        ထိုသူများမှာတော့Peteနှင့်Newပင်ဖြစ်လေ၏။သင်တန်းကာလမှာတောင်တစ်ဖက်ကမ်းထိမောပန်းခြင်းမရှိအသက်အကြာကြီးအောင့်ပြီးကူးခတ်နိုင်အောင်သင်ခဲ့ရခြင်းကြောင့်အခုလိုကိစ္စမျိူးကPeteအတွက်ပြဿနာမရှိပေ။သူလုပ်နေတဲ့လုပ်ငန်းများအတွက်လွတ်လမ်းပေါင်းစုံကအဘက်ဘက်ကသင်ယူထားမှသာတော်ကာကျနေပေမည်။အခုတော့တစ်ကယ်ပင်အသုံးတည့်သွားခဲ့ချေပြီ။

          သို့သော်ဟိုလူ့အနေနဲ့ကပထမဆုံးအကြိမ်ဖြစ်မည့်ပုံ​ပင်။အဲ့တာကြောင့်လဲဆင်းပြီး၁၀မိနစ်တောင်မကြာသေးဘူးမကူးနိုင်တော့ပဲရေမွန်းကာမေ့သွားရခြင်းဖြစ်လေသည်။ဒါကြောင့်နီးစပ်ရာကမ်းဘက်ကိုပဲPeteရွေးတတ်ခဲ့ရလေသည်။ကုန်းပေါ်ရောက်သည်နှင့်နေရာအခြေအနေကိုလေ့လာပြီးဆက်လှုပ်ရှားရတော့မှာပေါ့.....

         ကမ်းစပ်သို့တတ်လာပြီးနီးစပ်ရာမြက်ခင်းပြင်ရှေ့တွင်ဟိုလူ့ကိုပွေ့ချီခဲ့လေသည်။ကမ်းစပ်သို့ရောက်တာတောင်peteမှာအမောမဖြေအား..မေ့နေသေးသောသူကိုအရင်င်ရှေးဦးသူနာပြုစုနည်းဖြင့်ပြုစုရ၏။

''1,2,3....´´

စစချင်းမှာတော့Peteလုပ်သမျှကမအောင်မြင်ခဲ့သေးပေ။အချိန်ကြာလာတာနဲ့အမျှပို၍ပင်ဖြူစုတ်လာသောနှုတ်ခမ်းသားများကြောင့်Peteကြောက်စိတ်များကြီးစိုးလာခဲ့လေသည်။အများကြီးဆုံးရှုံးခဲ့ပြီးခဲ့ပြီ....ဒီတစ်ယောက်ကိုတော့သူအဆုံးရှုံးမခံနိုင်ပါ။ထို့အပြင်အစိုးရိမ်လွန်နေသောကြောင့်ဘယ်တော့မှထုတ်မခေါ်ခဲ့သည့်နာမ်စားလေးကိုပါသတိလက်လွတ်ခေါ်ဆိုခဲ့မိပြန်၏။

Maung.....Where stories live. Discover now