Part 24

337 30 27
                                    

Unicode......

"1,2,3.........."

လက်နှစ်ဖက်ကိုအသုံးပြုပြီးရင်ဘက်ကိုအဆက်မပြတ်လှုပ်နေသောကောင်လေးနှင့်အခုထိတိုင်သတိမရသေးသောကောင်လေးတို့ရှိခဲ့ကြလေသည်။နောက်ဆုံးအနေဖြင့်ပါးစပ်ဖြင့်CPRလုပ်ရန်ချဥ်းကပ်လိုက်စဥ်...

အဟွတ်...အဟွတ်...

နှာခေါင်းရောပါးစပ်ထဲကပါရေများပြန်ထွက်ပြီးမှNewသတိရလာလေသည်။ရေသီးနေသောကြောင့်ချောင်းများအဆက်မပြတ်ဆိုးနေလေ၏။

"မင်းသား....မင်းသားသတိထားပါဦး...မင်းသားကျွန်တော်ပြောတာကြားလား...."

အုံလိုက်ဖြစ်နေသောလူအုပ်ကြီးမှာလည်းဝေ၀ါးစွာပင်Newမြင်နေရပြီးရှေ့ကကောင်လေးရဲ့မှာလည်းရိပ်သဲ့သဲ့သာတွေ့ရပြီးနောက်အမှောင်ကမ္ဘာထဲထပ်မံရောက်ရှိသွားလေသည်။

••••••••••••••••••••••••••••••••

Newပြန်လည်နိုးထလာချိန်တွင်တော့အဖြူရောင်မျက်နှာချပ်ကြီးကိုတွေ့လိုက်ရလေ၏။ကိုယ်ပေါ်တွင်လည်းပွယောင်းယောင်းအ၀တ်အစားကြီးနဲ့ဖြစ်နေသောကြောင့်ဆေးရုံပေါ်တွင်ရောက်နေတယ်ဆိုတာကိုခန့်မှန်းမိလိုက်၏။ရေနစ်ပြီးနောက်ပိုင်း
Newဘာမှကိုသတိမရတော့ပေ။သူ့ကိုဘယ်သူကကယ်ခဲ့တာလဲ.....

ချပ်....

''Ah....Newသတိရနေပြီလား...ငါရေသွားထည့်နေလို့....''

ရေဗူးကိုဘေးတွင်ချကာထိုင်ခုံပေါ်တွင်၀င်ထိုင်လိုက်လေသည်။

''သက်သာရဲ့လားNewအဆင်မပြေတဲ့နေရာတွေဘာတွေရောရှိလား....''

''ငါအဆင်ပြေပါတယ်။ဟိုငါ့ကိုဘယ်သူဆင်းကယ်လိုက်တာလဲဟင်....''

''ကျွန်တော့်ကို၀င်ခွင့်ပြုပါ.....''

အသံလာရာကိုNewရောkristပါကြည့်လိုက်တော့တံခါး၀င်ပါက်တွင်ရပ်နေသောကောင်လေးတစ်ဦး...။Newထက်ပင်ကိုယ်ခန္ဓာကြီးကာတောင်တင်းသောရင်အုပ်ကျယ်နှင့်ခေါင်းကိုသေသပ်စွာဖီးသင်ထားပြီး အစိမ်းဖျော့ရောင်လက်ရှည်ကိုဂျင်းဘောင်းဘီအမဲနှင့်တွဲဖက်၀တ်ဆင်ထားကာသူတို့နှစ်ယောက်ကိုပြုံးပြနေလေသည်။သူရဲ့အပြုံးကပင်Newတို့နှစ်ယောက်လုံးကိုနွေးထွေးသွားသယောင်ခံစားရလေ၏။

Maung.....Where stories live. Discover now