Part 20

269 29 24
                                    

Unicode>>>>>
''ဟင်...ဒီနေရာလား......''

ထိုနေရာကိုကြည့်ပြီးNewမှာတော်တော်ပင်အံ့သြနေလေသည်။Newတို့ရောက်နေသည်မှာညစျေးပွဲတော်တစ်ခုတွင်ဖြစ်လေကာမှောင်ရီပျိူးခါနီးဖြစ်သောကြောင့်ဆိုင်ခန်းများပင်ခင်းကျင်းရောင်းချနေပြီပင်ဖြစ်သည်။

''မင်းကဒီနေရာတွေလာတတ်တယ်...''

''ဘာလဲ...ကျုပ်ကဒီနေရာတွေကိုလာခွင့်မရှိလို့လား''

''မဟုတ်ပါဘူး...မင်းလိုသူဌေးကဒီနေရာတွေကိုလာတယ်ဆိုလို့''

''ဒါဆိုခင်ဗျားကဒီလိုနေရာတွေမလာတတ်ဘူးပေါ့..။ကြီးကျယ်လိုက်တာ''

''မင်းနော်....ငါမလာတတ်ဘူးလို့ပြောမိလို့လား။ငါကလာချင်နေတာကြာပြီ..အလုပ်မအားလို့သာမလာရတာ..''

''တော်ပြီ...ဗိုက်ဆာနေပြီ။ဆိုင်တစ်ဆိုင်အရင်သွားမယ် .....''

''မင်းမှာMaskတစ်ခုရှိလား...''

''ဘာလုပ်ဖို့လဲ...''

''ငါသာအခုချိန်ဘာမှမ၀တ်ပဲဆင်းသွားလိုက်ရင်လူတွေအများကြီး၀ိုင်းအုံလာလိမ့်မယ်''

''ဒီလောက်စောက်လုပ်ရှုပ်တဲ့မင်းသားအလုပ်ကိုမှရွေးကတယ်လို့.''

(A\Nဒီရှုထောင့်ကTayဘက်နေကြည့်တာနော်...အနုပညာအသိုင်းကိုစော်ကားလိုခြင်းမရှိပါရှင့်။ficတစ်ပုဒ်လိုပဲမြင်ပေးပါနော်)

''အဲ့တာငါ့စောက်ကြောင်း...Ok''

''ကျစ်...ရော့....''

''အစထဲကအဲ့လိုပေးလိုက်ရင်ပြီးနေတာပဲကို''

''သွားမယ်.....''

ထိုကောင်လေး၏ဆွဲခေါ်ရာနောက်ကိုNewထပ်မံ၍လိုက်ပါလာခဲ့ရပြန်ပြီ။လူရှင်းတဲ့ဆိုင်ကိုသာ၀င်ထိုင်လိုက်ပြီးအစားအသောက်များကိုမှာလိုက်ကြလေသည်။အစားအသောက်များရောက်လာချိန်တွင်လည်းNewမှာအမြင်နှင့်သာကျေနပ်နေရလေသည်။ဒါကိုစားနေပြီဖြစ်သောကောင်လေးကရိပ်မိသွားသည်ထင်...

''ခင်ဗျားဘာလုပ်နေတာလဲ..မစားဘူးလား..''

''ဟို...maskချွတ်လိုက်ရင်ငါမှန်းသိသွားမှာစိုးလို့...''

Maung.....Where stories live. Discover now