Part 19

243 29 14
                                    

Unicode>>>>>

ဘာလိုလိုနဲ့Newဒီအိမ်တွင်စားလိုက်သောက်လိုက်အိပ်လိုက်နှင့်လုပ်နေသည်မှာ
နှစ်ရက်မြောက်ရှိခဲ့ပြီဖြစ်သည်။အခုလည်းစားသောက်ပြီးသည်နှင့်ခြံထဲကဒန်းထဲတွင်ထိုင်နေခဲ့သည်။ဒီဒန်းလေးတွင်သူ၏ငယ်ငယ်ကအမှတ်တရများစွာရှိလေ၏။သို့သော်ထိုအမှတ်တရများကိုပြန်မတွေးချင်ပေ။တွေးမိတိုင်းလည်းနာကျင်ရသောကြောင့်....

''ဟေ့ကောင်လေး...ဒီအပင်တွေကမင်းထပ်စိုက်ထားတာလား''

ခြံထဲတွင်အပင်ရေလောင်းနေသောကောင်လေးကိုမေးလိုက်လေသည်။

''ဟုတ်တယ်ဗျ...ကျွန်တော်ကအပင်စိုက်ရတာ၀ါသနာပါတယ်လေ''

မစိုင်းမတွပင်ထိုကောင်လေးမှာရေလောင်းနေရင်းပင်ပြန်ဖြေပေးသည်။ဒီကောင်လေးနဲ့အနေကြာတော့ဒီကောင်လေးရဲ့အကျင့်စရိုက်များကိုပါသိရှိလာသည်။

''ဟေ့ဟိုဘက်ခြံမှာသရက်သီးတွေအများကြီးပဲနော်...ခြံထဲကဘယ်သူကမခူးကြဘူးလား''

''ဟိုဘက်ခြံကလူမရှိတာကြာပြီလေအကိုလေးရဲ့..ဘယ်သူမှမရှိတော့သရက်ပင်တွေလည်းကြည့်မဲ့သူရှိဘူး။သူဘာသာအမှည့်လွန်ပြီးကြွေကျသွားကြတာကြီးပဲ...''

''သမြောစရာကြီးကွာ...''

''အကိုလေးစားချင်နေရင်ကျွန်တော်သွားခူးပေးမယ်လေ''

''နေပါရတယ်.....ဒါပေမဲ့ငါစားချင်နေတယ်''

''ကျွန်တော်သွားခူးပေးပါ့မယ်ဗျာ..''

''ဟိုဘက်အိမ်မှာဘယ်သူမှမရှိဘူးပဲဟာကိုငါ့ဘာသာပဲသွားခူးလိုက်တော့မယ်။မင်းလုပ်စရာရှိတာကိုပဲလုပ်ပါ''

''ဒါပေမဲ့အကိုလေးမှအပင်မတတ်တာပါဗျ..တော်ကြာပြုတ်ကျနေမှဖြင့်''

''မင်းကလည်းကွာ..ငါ့ကိုအထင်သေးလိုက်တာကြည့်နေ..မင်းအတွက်ပါငါခူးလာခဲ့မယ်''

ထိုကောင်လေးအားအားကျမခံပြောပြီးNewထွက်လာခဲ့လေသည်။သစ်ပင်တတ်တာများကွာအေးဆေးပါ။

🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂

''Wowသရက်သီးတွေကအကြီးကြီးပဲ''

Maung.....Nơi câu chuyện tồn tại. Hãy khám phá bây giờ