Part 26

318 30 27
                                    

Unicode.......

ချပ်.....ချပ်.....ချပ်...

''အဟမ်း........´´

     တိုင်ကပ်နာရီမှတစ်ချပ်ချပ်ချပ်သွားနေသောစက္ကန့်အတံလေးမှအသံကြားရလောက်သည်ထိအခန်းတွင်းကလုံး၀ဆိတ်ငြိမ်လျှက်ရှိနေလေသည်။အချိန်ကြာလာတာနဲ့အမျှတောက်လျှောက်ကုတင်ပေါ်တွင်စာအုပ်ထိုင်ဖတ်နေသောသူကိုkitစိတ်မရှည်လာတော့ချေ။တစ်ကယ်ဆိုမနက်ကမြင်တွေ့ခဲ့ရတဲ့အရာအတွက်ဖြေရှင်းချက်ပေးသင့်တယ်မဟုတ်ဘူးလား...အဲ့ဖြေရှင်းချက်ကိုပဲသူစောင့်နေခဲ့တာကအချိန်တစ်ခုကြာလုနီးပါးရှိလို့မဲလုံးကောင်တောင်ပြန်လေပြီ။အခုလဲကြည့်...သူချောင်းဟန့်တာတောင်အရေးမစိုက်ပဲစာအုပ်ပင်အဖတ်မပြတ်..

ဒီတစ်ကောင့်သားကတော့....

''New.....´´

       ချောင်းဟန့်ခြင်းနဲ့ပါမရတော့နာမည်ခေါ်မှသာစာအုပ်ကိုပိတ်ပြီးkitကိုကြည့်လာလေသည်။

''မင်းဘာကိုသိချင်နေလဲငါသိပါတယ်...အဲ့တာကအရေးမကြီးဘူးထင်လို့မင်းကိုမပြောပြတာ။သိပ်ပြီးအလေးထားစရာမလိုပါဘူး´´

''ဒါပေမဲ့.....´´

''ငါဆေးရုံကဆင်းလို့ရပြီတဲ့လား...။ငါဒီမှာထပ်ပြီးမအိပ်ချင်တော့ဘူး.....´´

''ဟူး..........´´

       မေးမရမဲ့အဆုံးတော့လဲkitပဲလက်လျှော့လိုက်ရတော့သည်။Kitကိုကအမှတ်မရှိမေးမိနေတာ....ကိုယ့်သူငယ်ချင်းကဘယ်လောက်ခေါင်းကြောမာလဲကိုယ်သာအသိဆုံးကို......

''တစ်ခုခုဆိုရင်မင်းမှာတိုင်ပင်ဖော်ငါရှိသေးတယ်ဆိုတာမမေ့ပါနဲ့New....´´

''Innပါ...ငါဆေးရုံကဆင်းလို့ရပြီလားတစ်ချက်လောက်စုံစမ်းပေးပါဦးကွာ.....´´

''ငါသွားလိုက်မယ်...ဒီကပဲစောင့်နေနော်...´´

''ဟုတ်.......´´

နှုတ်ခမ်းလေးစူကာပြောနေသောသူငယ်ချင်းကိုကြည့်ပြီးKitသက်ပြင်းချရသည်မှာည်မှာအခါခါ။ကောင်စုတ်လေးက...အမြဲတမ်းကိုယ့်ခံစားချက်ကိုမြိုသိမ့်ထားလွန်းနေတယ်...

သက်ပြင်းချတိုင်းသာအသက်တိုရမယ်ဆိုရင်ဒီတကောင့်သားလေးကြောင့်kitတို့အသက်တိုရချည်ရဲ့....

Maung.....Where stories live. Discover now