Part 7..A

305 32 34
                                    

Unicode>>>>>

''ဟဲ့မင်းသားNewအကြောင်းသိပြီးပြီလား´´

        Newရေဗူးသွားယူပြီးပြန်အလာတွင်သူ့နာမည်ကြားလိုက်ရ၍ခြေလှမ်းအစုံတို့ရပ်တန့်သွားလေသည်။နောက်ဆုံးပိတ်ရိုက်မဲ့ဇာတ်လမ်းတစ်ခန်းစာအတွက်ရိုက်နေရင်းခဏနားချိန်ဖြစ်သောကြောင့်အကုန်လုံးအနားယူသည့်အချိန်တွင်Newထွက်လာခဲ့ခြင်းဖြစ်သည်။အခန်းထောင့်နားတွင်အသစ်ဟုထင်ရသောStaffကောင်မလေးသုံးယောက်ထဲမှတစ်ယောက်မှစကားစခေါ်ခဲ့ခြင်းကြောင့်ကျန်နှစ်ယောက်ကပါထိုသူမကိုလှည့်ကြည့်လာသည်။

''မင်းသားNewကလေP´Earthနဲ့ကဘာလိုလိုတဲ့လေ´´

''အယ်ဟုတ်လို့လားမင်းသားEarthမှာကဒီဇိုင်နာMixဆိုတဲ့တစ်ယောက်ရှိတယ်လေသူတို့ကဘာတွေလဲဟ´´

''သိတော့ပါဘူးသူတို့လောကကလည်းရှုပ်ထွေးလိုက်တာပြီးတော့မင်းသားNewကတကယ်ကြီးGayနေတာတဲ့´´

''သေချာတာတစ်ခုကငါGayခြင်းမgayခြင်းကမင်းတို့နဲ့မဆိုင်ဘူးထင်တယ်´´

     Newကိုမြင်လိုက်သည်နှင့်ထိုကောင်မလေးသုံးယောက်မှာမျက်စိမျက်နှာများပျက်နေကြသည်။ရှေ့ပြောနောက်ကြည့်ဆိုတာဒီသုံးယောက်မသိဘူးပဲ..ထားပါကိုယ်ကလည်းဂရုစိုက်တတ်တဲ့သူထဲမှာမှမပါခဲ့တာ

''ပြောပါဦးငါGayနေပါတယ်လို့ဘယ်သူပြောခဲ့တာလဲ´´

''ဟို ဟို အဲ့တာကလေညီမတို့ကကြားနေရလို့ပြောတာပါ´´

''အဟက် မင်းတို့တွေကနားတစ်ဖက်ကသွင်းပြီးကျန်တစ်ဖက်ကပြန်ထွက်သွားကြတဲ့သူတွေပဲ။မင်းတို့ကိုဘယ်သူကအားယားပြီးလိုက်ဖွနေလဲတော့ငါမသိဘူး။ဒါပေမဲ့တစ်ခုတော့ဖွတဲ့သူဆီပြောလိုက်မကျေနပ်ရင်ဒဲ့လာရှင်းလို့သူရဲဘောကြောင်ပြီးနောက်ကနေလိုက်ဖွပြီးမနေနဲ့လို့Newဆိုတဲ့ငါကဘာကိုမှ​ေစောက်ဂရုစိုက်တတ်တဲ့အမျိူးထဲမှာမပါဘူးလို့.ကြားလား´´

''ဟုတ် ဟုတ်ကဲ့ သွားကြမယ်´´

     ထိုကောင်မလေးသုံးယောက်မှာကုပ်ကုပ်နဲ့ထွက်သွားကြလေသည်။အဓိကတရားခံကိုသိနေသော်လည်းNewဘာမှမပြောတော့ပါ။

Maung.....Where stories live. Discover now