Part 14

341 33 18
                                    

Unicode>>>>>>

''ဟင်....အင်း...''

    မျက်ခုံးလေးများတွန့်ချိူးကာအသံတစ်ချက်ပြုရင်းNewနိုးလာခဲ့လေသည်။နိုးနိုးချင်းမြင်တွေ့လိုက်ရသောအမဲရောင်မျက်နှာကျက်ကြီးနှင်တစ်ခြမ်းလုံးပြည့်လုနီးပါးအမဲရောင်ခန်းဆီးလိုက်ကာများ၊ညအိပ်မီးရောင်မှိန်ပြပြအလင်းရောင်လေးမှာအခန်းတွင်းတွင်ပျံ့နှံ့လို့နေ၏။အပူချိန်ကိုညှိထားပြီးအိစက်နေသောအမွှေးပွစောင်ထူထူကြီးပါခြုံပေးထားသောကြောင့်Newကိုယ်လေးတွင်ချွေးအနည်းငယ်စို့ချင်နေသည်။

မနေ့ကနေ့လည်ဖြစ်ပျက်သွားသောအဖြစ်အပျက်များကိုမှတ်ဉာဏ်ပြန်ခေါ်တော့မေ့မလဲခင်ထိဟိုအရိုင်းအစိုင်းကောင်လေးရင်ခွင်ထဲတွင်ရှိနေခဲ့သည်ကိုတွေးမိသွားပြီးပါးလေးနှစ်ဖက်မှာချက်ချင်းရဲတတ်လာလေသည်။ထိုအရိုင်းအစိုင်းကောင်လေးရှေ့မှာမှဖြစ်သွားသောကိုယ့်ကိုယ်ကိုလည်းအနည်းငယ်တော့မကျေမနပ်ဖြစ်မိသည်။

ဂွီ.........

အချက်ပြလာသောဗိုက်လေးကြောင့်Newလက်လေးနှစ်ဖက်နဲ့ဗိုက်ကိုပွတ်သတ်လိုက်ရလေသည်။သူမနက်စာပဲစားခဲ့ရပြီးနောက်ပိုင်းမှမစားခဲ့ရသေးတာကို။ကိုယ်မသိတဲ့အိမ်ကိုရောက်နေတာဆိုတော့လည်းထသွားဖို့အတွက်ကျတော့သူမရဲပေ။ခုချိန်ဆုတောင်းမိသည်ကအခန်းထဲကိုတစ်ယောက်ယောက်၀င်လာပါစေဆိုပြီးပဲဆုတောင်းမိသည်။

ကျွီ......

    ဆုတောင်းခြင်းနဲ့တိုက်ဆိုင်သွားသည်ထင်အခန်းတံခါးကိုဆွဲဖွင့်ခံလိုက်ရသောကြောင့်New၀မ်းသာမိသွားသည်။တစ်ဆက်ထဲပင်ချင်ချင်းပြန်လှဲကာမျက်လုံးအစုံတို့အားပြန်မှိတ်လိုက်လေသည်။တစ်ယောက်ယောက်မှာသူ့ကုတင်ဘက်ကိုလမ်းလျှောက်လာသလိုပင်ခံစားနေရသည်။မဟုတ်မှဟိုအရိုင်းအစိုင်းလေးများလား..

''..ခင်ဗျားနိုးနေတယ်မဟုတ်လား.လုပ်မနေနဲ့''

Shit...ဒီကောင်လေးကဘယ်လိုသိတာပါလိမ့်.

     သိနေပြီးဖြစ်တော့လည်းအိပ်ရာပေါ်ကလျှင်မြန်စွာပင်ကျုံးထလိုက်လေသည်။ဟိုအရိုင်းအစိုင်းကောင်လေးမှာအပေါ်ပိုင်းဗလာကျင်းဖြစ်နေပြီးဘောင်းဘီရှည်တစ်ထည်ကိုသာ၀တ်ထားလေသည်။

Maung.....Where stories live. Discover now