Part 34🔞

315 15 14
                                    

Unicode..

Recommed Song -Troye Siven {Strawberries & Cigarettes}


     မဲနက်ကာပြောင်လက်နေသောModelမြင့်ကားတစ်စီးဟာအရှိန်အပြည့်နဲ့မောင်းနှင်လာကာခြံကြီးတစ်ခုထဲသို့၀င်ပြီးရပ်တန့်လိုက်လေသည်။ကားရပ်လိုက်သည်နှင့်အသီးသီးဆင်းလာကြသောuniformအမဲဆင်တူ၀တ်ထားသောသူများ။ထိုလူများသည်တစ်ဖက်ထဲတွင်စုလိုက်ပြီးကားတစ်ဖက်ကိုဖွင့်ကာအထဲကထွက်လာမည့်သူအားစောင့်ဆိုင်းနေလိုက်နေသည်။ထိုစဥ်တံခါးပွင့်လာပြီးအရင်ချလာသောခြေထောက်တစ်ဖက်။ပြီးမှဆေးလိပ်ကိုခဲကာအထဲကထွက်လာသောအမျိူးသား။

       မှုတ်ထုတ်လိုက်သောဆေးလိပ်ငွေ့နဲ့အတူထိုအိမ်ကြီးကိုကြည့်၍Peteကိုပြုံးလိုက်လေသည်။ပထမဆုံးအကြိမ်ဒီအိမ်ကိုသူပြန်ခြေချနိုင်ခဲ့ခြင်း။အရင်လိုကလေးသာသာအရွယ်နဲ့Tayမဟုတ်ပဲလက်ဖျောက်တစ်ချက်တီးရုံနဲ့လူတစ်ယောက်ကိုပျောက်သွားနိုင်လောက်တဲ့ထိလုပ်နိုင်တဲ့အရှိန်အ၀ါနဲ့နတ်ဆိုးတစ်ကောင်ဖြစ်နေခဲ့ပြီ။ထူးဆန်းမိတာတစ်ခုက ကိုယ့်အိမ်တောင်အကြွေးနဲ့သိမ်းမှပြန်ရမဲ့အဖြစ် အဟက်။​

      ထိုချိန်အိမ်ထဲမှserinatတစ်ယောက်အသဲအသန်​ထွက်လာလေသည်။

''မင်းက Minလုပ်ငန်းစုက CEOမဟုတ်လား။ကျွန်မအိမ်ကိုဘာကိစ္စရှိလို့လာတာလဲရှင့်´´

''အဟင်း ခင်ဗျားမေ့နေတဲ့ပုံပဲ။ဒီအိမ်ကခင်ဗျားအိမ်မဟုတ်တော့တာလွန်ခဲ့တဲ့တစ်ပတ်ထဲကပဲမဟုတ်လား။ခင်ဗျားကိုယ်တိုင်ကျုပ်ပိုင်တဲ့bankမှာလာပေါင်သွားတာကိုနေ့ရက်တွေအချိန်တွေပါအတိအကျပြောပြပေးရဦးမှာလားအဲ့လိုလား´´

    ထိုအခါအရှေ့ကမိန်းမမှာမျက်နှာပျက်သွားလေသည်။

''ဒါပေမဲ့ပြည့်ဖို့အချိန်ကလိုသေးတယ်မလား။အခုကျ´´

''ခင်ဗျားကိုချက်ချင်းကြီးလာသိမ်းတယ်ပြောနေလို့လား။ကျုပ်ကအိမ်အခြေအနေလာကြည့်ရုံပဲ။အဲ့လောက်ကြီးဖြစ်ပြမနေပါနဲ့ခင်ဗျား´´

Maung.....Where stories live. Discover now