Part 29

134 18 10
                                    

Unicode....

''ငါ့သားဘယ်မှာလဲ´´

        လေထုသည်ပို၍ပင်အေးစက်နေသယောင်ရှိနေသည်။krist သူ့ရှေ့တွင်ခြေချိတ်ကာထိုင်နေပြီးတင်းမာလှသောမျက်နှာထားနဲ့ဘိုးတော်ကိုကြည့်ပြီးဘာပြန်ပြောရမလဲကိုမသိဘူးဖြစ်နေလေတော့၏။ထူးထူးဆန်းဆန်းဒီနေ့မှသူ့ကိုရုံးကိုခေါ်ပြီးNewကိုမေးတယ်တဲ့လေ။မသိဆိုNewပျောက်သွားတယ်ဆိုတာပဲသိပြီးဘာသီတင်းဘာအစအနမှလဲမသိရ။လူဆိုးကောင်ကိုမေးတော့လဲရှာဖွေနေတုန်းလို့ပဲသိထားတာကြောင့်ကြံမရဖြစ်နေလေသည်။

''ဟို ခရီးထွက်သွားပါတယ်´´

''ဘယ်ကိုထွက်သွားတာလဲ´´

''မသိပါဘူး´´

''ကျစ် မန်နေဂျာတစ်ယောက်လုပ်နေပြီးမင်းမသိဘူးဆိုတာဖြစ်နိုင်ပါ့မလားKrist ´´

''တောင်းပန်ပါတယ်´´

       တစ်ဇွတ်ထိုးနိုင်တဲ့သားဖြစ်သူ​အကျင့်ကိုသိနေတော့chifonမှာဒေါသထွက်နေရုံမှတစ်ပါးဘာမှမတတ်နိုင်ပေ။အဖေဖြစ်သူရဲ့လုပ်ငန်းတွေကို၀ိုင်းကူမယ်မရှိပဲကိုယ့်သဘောနဲ့ကိုလုပ်ချင်ရာလုပ်သည်။အခုcompanyနဲ့ပတ်သတ်ပြီးသူဘယ်လောက်ခေါင်းမီးတောက်နေရလဲသူအသိဆုံး။စက်ရုံမီးလောင်ခြင်း​ပြဿနာကိုအမြန်ဖြေရှင်းနိုင်ခဲ့သော်လဲနောက်ဆက်တွဲကိစ္စတွေဖြစ်တဲ့companyရဲ့shareစျေးကွက်ကမတရားထိုးကျသွားသည်။ထို့ကြောင့်လုပ်ငန်းရှင်တွေကသူ့ကိုမကျေနပ်တော့ပေ။လူစုပြီးဖြုတ်ချဖို့အတွက်တိုင်ပင်ကာဘုတ်အဖွဲ့ကိုတောင်တင်ပြပြောဆိုပြီးကြလောက်ပြီ။

''ထားလိုက်တော့။နောက်ဒါမျိူးမဖြစ်ပါစေနဲ့။ဒီကောင်လေးကလဲအကျင့်ပျက်တာတော်တော်များနေပြီ။သူပြန်ရောက်တာနဲ့ငါ့ဆီလွှတ်လိုက်´´

''ဟုတ်ကဲ့ပါ´´

        အခန်းအပြင်ကိုထွက်တာနဲ့Kristလေပူများမှုတ်ထုတ်လိုက်လေသည်။ဒီနေ့ကကံမကောင်းတဲ့နေ့ပါလား။Newရယ်အမြန်ပြန်လာပါတော့လို့သာအော်ပြီးပြောလိုက်ချင်တော့တယ်။

..........................

''မင်းတို့လိုချင်တာကိုနောက်အပတ်နဲ့ပေါင်းပေးမယ်လို့ပြောပြီးပြီလေအခုချက်ချင်းမတော်နိုင်သေးဘူးလား´´

Maung.....حيث تعيش القصص. اكتشف الآن