Part 13⚠️

441 35 27
                                    

Unicode>>>>

''Newအဆင်ပြေရဲ့လား...ငါဆေးထည့်ပေးမယ်လေ''

Newအနားသို့လာသောKristမှာလည်းမျက်နှာကောင်းပုံမရပေ။ဘယ်ကောင်းပုံရပါ့မလဲ..သူ့တို့လည်းအစအဆုံးမြင်တွေ့ခဲ့ရတာကို။ဒါတောင်ဟိုကောင်မလေးမပါလို့..မဟုတ်ရင်ကိုယ့်ထက်အရင်သူကပွဲကြမ်းပေးနေမှာ..

''ရတယ်...အိမ်ရောက်မှပဲငါ့ဘာသာထည့်လိုက်တော့မယ်..မင်းဒီနေ့တိုက်ခန်းမလာဘူးမဟုတ်လား..''

''Inn...မင်းတစ်ယောက်ထဲဖြစ်ရဲ့လား...''

''ရပါတယ်..ငါကအစထဲကတစ်ယောက်တည်းသမားပဲလေ..ဒီလောက်ကတော့အေးဆေးပါ..ရိုက်လို့လည်းပြီးပြီဆိုတော့ငါသွားတော့မယ်''

''ဂရုစိုက်ပြန်နော်....''

''အင်း...ငါကားအဖြူလေးကိုယူသွားပြီ''

>>>>>>>>>>>

      မောင်းနှင်လာသောလမ်းမတစ်လျှောက်တွင်လည်းကားကိုအရှိန်လျှော့ပြီးပဲNewမောင်းလာခဲ့သည်။မောင်းနေတဲ့ဆီမှNewအာရုံမရှိပဲ..။တစ်ခုခုကိုတွေးနေကာ၀မ်းနည်းရိပ်တို့သာပြည့်နှက်နေသည်။
ခုချိန်မှာသူအလုပ်ချင်ဆုံးအရာတစ်ခုကမေမေဆိုတဲ့သူရဲ့ရင်ခွင်ထဲတွင်၀င်ပြီးအားရပါးရသူငိုချင်သည်။သူအဲ့လိုမငိုရတာကြာခဲ့ပြီလေ။

        သတင်းအစအနတောင်မကြားပဲနဲ့မေမေပျောက်ကွယ်သွားသည်မှာ15နှစ်နီးပါးပင်ဖြစ်နေခဲ့ချေပြီ။အဖေဆိုတဲ့သူကလည်းပြောခဲ့သည်မှာသေသွားပြီတဲ့လေ။သို့သော်မေမေသေသွားတယ်ဆိုတာကိုသူလက်မခံချင်သေးပေ။ရူးနေပြီလို့ထင်ရလောက်အောင်ပင်တစ်နေ့နေ့မေမေပြန်လာမှာလို့ပဲတွေးထင်နေမိသည်။လမ်းကြားလေးကိုချိူးကွေ့မယ်ရှိသေးဘေးကယှဥ်၀င်လာပြီးရှေ့တွင်ပိတ်ရပ်ပစ်လိုက်သောကားကြောင့်Newအမြန်ပင်ဘရိတ်အုပ်လိုက်ရသည်။တော်သေးတယ်..အရှိန်မပါလို့...

🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂

''Shit..ဒီကောင်ကားကိုဘယ်လိုမောင်းလာရတာလဲ..တောက်စ်..''

    ဒေါသတို့သည်ကားထဲမှထွက်လာသောသူကြောင့်ပိုပြီးတောက်လောင်လာလေသည်။နက်ကတိုင်ဖရိုဖရဲနဲ့ထွက်လာသောအရိုင်းအစိုင်းကောင်....။ခုလည်းသူ့ကားမှန်ကိုလာခေါက်နေပြန်ပြီ။

Maung.....Where stories live. Discover now